သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-25
စစ်ကောင်စီရဲ့ အတုအယောင် တရားစီရင်ရေးနဲ့ ဒီကွပ်မျက်မှုတွေဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးလမ်းကြောင်းကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်ပြီး၊ ရဲရင့်တဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်ကို ဒီလုပ်ရပ်တွေက ချိုးနှိမ်နိုင်မှာမဟုတ်ဘူးလို့ ကြေညာချက်မှာ ပါရှိပါတယ်။
2022-07-25
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews နဲ့ ဥပဒေမဲ့စီရင်မှုနဲ့ မတရားကွပ်မျက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Morris Tidball-Binz တို့က ဒီကွပ်မျက်မှုအပေါ် ကြေညာချက်ထုတ်ပြန် ရှုတ်ချလိုက်ကြတာပါ။
2022-07-25
မြန်မာအာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဒီလိုသတ်ဖြတ်ပြပြီး၊ သူ့ကိုဆန့်ကျင်တော်လှန်နေသူတွေ ကြောက်လန့် တုန်လှုပ်သွားအောင်လုပ်လို့ရမယ်လို့ တွေးတောနေရင်တော့ လုံးဝမှားယွင်းလိမ့်မယ်လို့လည်း ဆိုပါတယ်။
2022-07-25
အာဏာသိမ်းစစ်ကောင်စီရဲ့ သေဒဏ်ကွပ်မျက်မှုကို ခံခဲ့ရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ မိခင်က သူ့သားဟာ နိုင်ငံအတွက် အလုပ်လုပ်ရင်း အသက်ပေးခဲ့သူဖြစ်လို့ ဂုဏ်ယူသလို ဖြစ်နိုင်ရင် သူ့သားရဲ့ အရိုးပြာကို လိုချင်ကြောင်း RFA ကို ပြောပါတယ်။
2022-07-25
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲမြို့ ရဲစခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းကို ဇူလိုင်လ ၂၄ ရက် မနေ့မှာ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီးနောက်ပိုင်း စနဲ ဒေသခံ ၁၄ ဦးကိုလည်း စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-07-25
ပြည်တွင်း အင်အားစုတွေနဲ့ နိုင်ငံတကာအစိုးရတွေကပါ တားမြစ်နေတဲ့ကြားက ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ (ခေါ်) ဦးကျော်မင်းယုနဲ့ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက လက်တွေ့ ကွပ်မျက်လိုက်တဲ့ကိစ္စဟာ နိုင်ငံရေးရာဇဝတ်မှုကို သွေးအေးအေးနဲ့ ကျူးလွန်လိုက်တာလို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်ပါတယ်။
2022-07-25
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးရွာအုပ်စု မြောက်ပိုင်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံ အမျိုးသားနှစ်ဦးကို ဇူလိုင်လ ၂၅ ရက် ဒီနေ့မနက်အစောပိုင်း ၄ နာရီလောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာဖမ်းသွားတယ်လို့ ရွာငံ မြို့ခံတွေက ပြောပါတယ်။
2022-07-25
မကွေးတိုင်း မြိုင်မြို့နယ်၊ ဓမ္မသယရွာကို ဇူလိုင်လ ၂၄ ရက် မနေ့နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက် မီးရှို့သွားတာကြောင့် နေအိမ် ၈၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-07-25
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကနေ ဒီနေ့အထိ သတင်းသမား ၅၅ ဦး ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အဲဒီအထဲက သတင်းသမား ၂၀ ဦးဟာ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရတယ်လို့ သတင်းသမားတွေရဲ့ အချက်အလက်တွေကို ပြုစုနေတဲ့ Detained Journalists Information Myanmar အဖွဲ့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
2022-07-25
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို သေဒဏ်စီရင်လိုက်တာဟာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ဇူလိုင်လ ၂၅ ရက် ဒီနေ့မှာပဲ ထုတ်ပြန်ဝေဖန်လိုက်ပါတယ်။
2022-07-25
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အဝင် မန်နောင်ရွာအနီးမှာ ဇူလိုင်လ ၂၅ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံး လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ကွတ်ခိုင်မြို့ခံတွေက ပြောပါတယ်။
2022-07-25
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်တဲ့အပေါ် မိသားစု၊ ဆွေမျိုး၊ မြန်မာပြည်သူလူထု တစ်ရပ်လုံးနဲ့ထပ်တူ ဝမ်းနည်းခံပြင်းမိသလို မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ငြိမ်းချမ်းရေးအတွက် ရင်လေးမိတယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ULA က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2022-07-25
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ အခု ၂၀၂၂ ခုနှစ်ထိ တစ်နှစ်ခွဲကျော်ကာလအထိ တိုင်းရင်းသား ဒေသတွေမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း Free Burma Rangers အဖွဲ့ဝင် စုစုပေါင်းရှစ်ဦး သေဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။
2022-07-25
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို ကွပ်မျက်တဲ့ စစ်ကောင်စီဟာ ပြန်လည်ပေးဆပ်ရမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ဇနီး မနီလာသိန်းက ပြောကြားလိုက်ပါတယ်။
2022-07-24
သေဒဏ်ချမှတ်ခံထားရတဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို ပြစ်ဒဏ် စီရင်ဆောင်ရွက်ပြီးစီးသွားပြီလို့ ဇူလိုင်လ ၂၅ ရက် ဒီကနေ့ စစ်ကောင်စီထုတ် သတင်းစာသုံးစောင်လုံးမှာ ဖော်ပြပါတယ်။