ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ် စီရင်ပြီးစီးကြောင်း စစ်ကောင်စီကြေညာ

2022.07.24
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ် စီရင်ပြီးစီးကြောင်း စစ်ကောင်စီကြေညာ ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်
Photo: RFA

သေဒဏ်ချမှတ်ခံထားရတဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို ပြစ်ဒဏ် စီရင်ဆောင်ရွက်ပြီးစီးသွားပြီလို့ ဇူလိုင်လ ၂၅ ရက် ဒီကနေ့ စစ်ကောင်စီထုတ် သတင်းစာ သုံးစောင်လုံးမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက် သောကြာနေ့က မိသားစုဝင်တွေနဲ့ ပထမဆုံးအကြိမ် အွန်လိုင်းက တစ်ဆင့်ပေးတွေ့ခဲ့ပြီးနောက် အခုလိုကြေညာတာ ဖြစ်ပါတယ်။

RFA အနေနဲ့ သူတို့ရဲ့မိသားစုဝင်တွေနဲ့ လတ်တလော မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာမှာ ဦးကျော်မင်းယု (ခ) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်(ခ) မောင်ကျော်၊ ဦးလှမျိုးအောင် (ခ) ကိုမျိုးနဲ့ အောင်သူရဇော် (ခ) ကိုကတုံးတို့ လေးဦးကို အကျဉ်းထောင် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြစ်ဒဏ်စီရင်ခဲ့တာလို့ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။