တိုက်ပွဲအတွင်း အဖွဲ့ဝင်ရှစ်ဦး သေဆုံးခဲ့ကြောင်း Free Burma Rangers ထုတ်ပြန်

2022.07.25
တိုက်ပွဲအတွင်း အဖွဲ့ဝင်ရှစ်ဦး သေဆုံးခဲ့ကြောင်း Free Burma Rangers ထုတ်ပြန် ကယားပြည်နယ် (ကရင်နီ) ဒေသမှ Free Burma Rangers အဖွဲ့ဝင်များအား တွေ့ရစဉ်
Photo: Free Burma Rangers

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ အခု ၂၀၂၂ ခုနှစ်ထိ တစ်နှစ်ခွဲကျော်ကာလ အထိ တိုင်းရင်းသား ဒေသတွေမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း Free Burma Rangers အဖွဲ့ဝင် စုစုပေါင်းရှစ်ဦး သေဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ် မူတြော်ခရိုင်က ရက္ခိုင့်တပ်တော် (AA) စခန်းကို စစ်ကောင်စီတပ်ဘက်က ဇူလိုင်လ ၄ ရက်နေ့မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် Free Burma Rangers အဖွဲ့ဝင် ကိုနေဇော်ဦး သေဆုံးခဲ့ပြီး ကယားပြည်နယ် (ကရင်နီ) ဒေသမှာလည်း ဇူလိုင်လ ၈ ရက်နေ့က လက်နက်ကြီးထိမှန်ပြီး အဖွဲ့ဝင်တစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါ တယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကရင်နီဒေသက တိုက်ပွဲတစ်ခုမှာလည်း စစ် ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ၂၀၂၁ ခုနှစ်အတွင်း နှစ်ဦးနဲ့ ၂၀၂၂ ခုနှစ်မှာ ခြောက်ဦးသေဆုံးခဲ့တာဖြစ်ပြီး ငါးဦး ဟာ ကရင်နီဒေသမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တာဖြစ်သလို ကရင်ပြည် နယ်မှာ နှစ်ဦးနဲ့ ရှမ်းပြည်နယ်မှာ တစ်ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုက်ပွဲအတွင်း သေဆုံးသူတွေအပြင် ကျန်းမာရေးကြောင့် သေဆုံးသူတွေပါ ရှိခဲ့တာ ကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသူ စုစုပေါင်း ၁၃ ဦးရှိပြီလို့ Free Burma Rangers ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအဖွဲ့ဟာ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေက ဒုက္ခသည်တွေအရေး ကူညီနေတဲ့ အဖွဲ့ တစ်ခုဖြစ်သလို အဖွဲ့တည်ထောင်ထားတာ နှစ် ၃၀ နီးပါးရှိနေပြီး ဒီအဖွဲ့ထဲမှာ မြန်မာ တိုင်းရင်းသားတွေအပြင် နိုင်ငံတကာက လူမှုကူညီရေး လုပ်ဆောင်သူတွေလည်း ပါဝင်ကြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။