ကွတ်ခိုင်မှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲကြောင့် သုံးနှစ်ကလေး လက်နက်ကြီးကျည် ထိမှန်သေဆုံး

2022.07.25
ကွတ်ခိုင်မှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲကြောင့် သုံးနှစ်ကလေး လက်နက်ကြီးကျည် ထိမှန်သေဆုံး လက်နက်ကြီးကြောင့် ဒဏ်ရာရသွားသည့် ကလေးငယ်အား တွေ့ရစဉ်
Photo: helen mai - Facebook

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အဝင် မန်နောင်ရွာအနီးမှာ ဇူလိုင်လ ၂၅ ရက် ဒီနေ့ မနက်ပိုင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့တို့ တိုက် ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံး လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် ကလေးငယ် တစ်ဦး သေဆုံးသွားတယ်လို့ ကွတ်ခိုင်မြို့ခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်ဟာ အသက်သုံးနှစ်အရွယ် မောင်အညမ်းဆိုသူဖြစ်ပြီး ဦးခေါင်း ဒဏ်ရာ ပြင်းထန်လို့ ကွတ်ခိုင်ဆေးရုံကနေ လားရှိုးဆေးရုံကို ပို့လိုက်ရချိန် နေ့လယ်သုံးနာ ရီခန့် လားရှိုးဆေးရုံမှာပဲ သေဆုံးသွားတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြော ပါတယ်။

အဲဒီကလေးငယ်ကို လားရှိုးဆေးရုံကနေ ကွတ်ခိုင်မြို့ကို ပြန်လည်သယ်ဆောင်လာခဲ့ပြီး ကွတ်ခိုင်မှာပဲ သင်္ဂြိုဟ်သွားမယ်လို့ မိသားစုနဲ့ နီးစပ်သူက ဆိုပါတယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့ မန်နောင်ရွာဟာ ကွတ်ခိုင်မြို့ရဲ့အထင်ကရ လွိုင်ဆမ်ဆစ်တောင်ခြေမှာ ရှိတာဖြစ်ပြီး နေ့လယ်ပိုင်းအထိ အဲဒီရွာတစ်ဝိုက် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ် တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကရော KIA တပ်ဖွဲ့ဘက်ကပါ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအနီးမှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့နဲ့ ၂၂ ရက်နေ့ တွေမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့ပြီး နေအိမ်အချို့ ထိမှန်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ နမ့်ကွတ်ရွာခံတွေက ပြောပါတယ်။

အလားတူ ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် သရက်ချိုရွာအနီးမှာလည်း အခုလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး လယ်ကွင်း ထဲမှာ အလုပ်လုပ်နေတဲ့ သားအမိနှစ်ဦး လက်နက်ကြီးကျည် ထိမှန်ခဲ့သလို ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။