သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-06-23
မကွေးတိုင်း မြိုင်မြို့နယ်မြောက်ပိုင်းမှာ ဇွန်လ ၁၆ ရက်နေ့ကနေ မနေ့ကအထိ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အရပ်သားတစ်ဦးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်သုံးဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-06-23
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ဗအိုးကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၃ ရက် ဒီနေ့မနက် စတင်ဝင်ရောက်လာပြီးနောက် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် လူ ၅၀ ခန့် ရွာထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-06-23
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်းကို ဇွန်လ ၂၂ ရက် မနေ့မနက် ၁၀ နာရီကျော်က အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကိုခံရပြီးနောက် လမ်းသွား လမ်းလာ ဒေသခံလူငယ်လေးဦး ဖမ်းဆီးခံထားရတယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။
2022-06-23
စစ်ကိုင်းတိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖမ်းဆီးထားတဲ့ ဗန်းမောက်မြို့နယ် ရှမ်းနီစာပေနဲ့ ယဉ်ကျေးမှု အဖွဲ့ရဲ့ တောင်ပိုင်းတာဝန်ခံလည်းဖြစ်၊ ရှမ်းနီ လူငယ်ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ စိုင်းဆေလိုင် (ခ) စိုင်းကျန်အောင်ကို ပြန်လွှတ်ပေးဖို့ မုံရွာအခြေစိုက် ရှမ်းနီ သွေးစည်းညီညွတ်ရေးပါတီအပါအဝင် ပြည်တွင်းပြည်ပအခြေစိုက် ရှမ်းအရပ်ဘက်အဖွဲ့ ၂၀ ၀န်းကျင်က ဇွန်လ ၂၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။
2022-06-23
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ဇွန်လ ၂၀ ရက်နေ့အထိ စစ်အာဏာသိမ်း တစ်နှစ်ကျော်အတွင်း အရပ်သား နှစ်ထောင်ကျော် အသတ်ခံရတဲ့အပေါ် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်နဲ့ နယ်သာလန်နိုင်ငံတို့က ဝမ်းနည်းကြောင်း ဇွန်လ ၂၂ ရက် မနေ့က ထုတ်ဖော်ပြောဆိုပါတယ်။
2022-06-23
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇွန်လ ၂၃ ရက် ဒီနေ့ နေ့လယ်လောက်က သုံးပွင့်အဆင့်ရှိတဲ့ စစ်တပ်အရာရှိ တစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့အဝင်၊ အထွက်လမ်းတွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။
2022-06-23
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေ တိုက်ခိုက်ခံရမှု တိုးလာနေပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်လာရတာဟာ လူ့အဖွဲ့အစည်းအတွက် အလွန်ဆိုးရွားလွန်းတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
2022-06-23
စစ်ကောင်စီက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ ပြောဆိုချက်ဟာ ရယ်စရာပြောဆိုချက်ဖြစ်ပြီး သူတို့တရား၀င်ဖြစ်အောင် ကြော်ငြာထိုးနေတာကို အပြည်ပြည်ဆိုင်ရာအနေနဲ့ မယုံမိကြဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က သတိပေးလိုက်တယ်လို့ AP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
2022-06-23
ဇွန်လ ၂၂ ရက် မနေ့က နေပြည်တော်အချုပ်ထောင်ထဲကို အပို့ခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲက သီးသန့်အထူးတရားရုံးမှာ ဒီကနေ့ စတင်အစစ်ဆေးခံခဲ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-06-23
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပေါ်ခီးကျေးရွာအနီးမှာ ဇွန် ၂၂ ရက် မနေ့က မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း အပါအဝင် လေးဦးကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ဖမ်းဆီးရာမှာ တစ်ဦး သေဆုံးသွားတယ်လို့ ဘီးလင်းမြို့နယ် NLD ပါတီလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။
2022-06-23
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်လီနဲ့ မန်ဆာရွာမှာ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း SSPP၊ TNLA ပူးပေါင်းတပ်တွေနဲ့ RCSS တို့အကြား တိုက်ပွဲတွေအတွင်း အဖမ်းခံထားရတဲ့ ဒေသခံအရပ်သားတချို့ အခုချိန်ထိ အိမ်ပြန်မလာနိုင်သေးဘဲ ပျောက်ဆုံးနေပါတယ်။
2022-06-23
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းက တရုတ်အစိုးရပိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက တုံရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၃ ရက် ဒီနေ့ ပစ်ခတ်စီးနင်းခဲ့ရာမှာ ရွာထဲက နေအိမ် တစ်လုံးပေါ် လက်နက်ကြီးကျရောက်ခဲ့တဲ့အတွက် ရွာသားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-06-22
လူ ၃၀ ကျော်ကို လက်နောက်ပြန်ကြိုးတုတ်ပြီး ဖမ်းထားတဲ့နေရာဟာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုံတိုင်ပင်ရွာဘုန်းကြီးကျောင်းထဲက ဇရပ်ဖြစ်တယ်လို့ RFA က အတည်ပြုနိုင်ခဲ့ပြီး၊ အသတ်ခံခဲ့ရသူတွေရဲ့ အမည်စာရင်းကိုပါ ရရှိခဲ့ပါတယ်။
2022-06-22
လက်ရှိစစ်ကောင်စီဖွင့်တဲ့ ကျောင်းတွေကို တက်ရောက်သင်ကြားခြင်းအားဖြင့် အမှန်တကယ်တန်ဖိုးရှိတဲ့ ပညာတွေကို မည်သည့်နည်းနဲ့မျှ ရရှိနိုင်မှာမဟုတ်ဘူးလို့ NUG အမျိူးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပြောကြားလိုက်ပါတယ်။
2022-06-22
အရာရှိတချို့ အပါအဝင် ရာနဲ့ချီတဲ့ တပ်သားတွေ ခွင့်မဲ့ပျက်ကွက်လာတာတွေ၊ EAO တွေ PDF တွေနဲ့ ပူးပေါင်းသွားတာတွေလည်း ပေါ်ပေါက်လာနေကြောင်း၊ အရင်က စစ်တပ်အတွက် လူသစ်စုဆောင်းမှု များပြားခဲ့တဲ့ မကွေးနဲ့ စစ်ကိုင်းလိုနေရာတွေက လူငယ်တွေဟာ၊ အခုတော့ PDF တွေဆီ ဝင်ရောက်သွားနေကြကြောင်းလည်း ဆောင်းပါးမှာ ဖော်ပြပါတယ်။