ပညာရေးနဲ့ကျန်းမာရေးကူညီမယ်လို့ နိုင်ငံခြားတိုင်းပြည်တွေ ကတိပေးကြောင်း ဒေါက်တာဇော်ဝေစိုး ပြော
2022.06.22
လက်ရှိ စစ်ကောင်စီဖွင့်တဲ့ ကျောင်းတွေကို တက်ရောက်သင်ကြားခြင်းအားဖြင့် အမှန်တကယ်တန်ဖိုးရှိတဲ့ ပညာတွေကို မည်သည့်နည်းနဲ့မျှ ရရှိနိုင်မှာမဟုတ်ဘူးလို့ NUG အမျိူးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပြောကြားလိုက်ပါတယ်။
တစ်ဆက်တည်းမှာပဲ ပညာရေးနဲ့ ကျန်းမာရေးအတွက် နိုင်ငံခြားတိုင်းပြည်တွေက ကူညီမယ်လို့ လတ်တလောပြည်ပခရီးစဉ်မှာ ကတိပေးမှုတွေ ရရှိခဲ့ကြောင်းနဲ့ သူတို့ အစိုးရခေါင်းဆောင်တွေဟာ ပြည်တွင်းမှာပဲနေထိုင်ပြီး စစ်အာဏာရှင်စနစ်ဖယ်ရှားရေးအတွက် အချိန်ပြည့်လုပ်ကိုင်နေကြသူတွေဖြစ်တယ်လို့ ပြောပါတယ်။
ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။