စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့အပေါ် NUG ဝန်ကြီးနဲ့မေးမြန်းချက်

ထက်ထက်အိန္ဒြာအောင်
2024.01.14

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူတွေကို အတတ်နိုင်ဆုံး ထောက်ပံ့နေပြီး နိုင်ငံတကာနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက RFA ကို ပြောပါတယ်။

ဒုက္ခရောက်နေတဲ့ ပြည်သူ လေးသိန်းနီးပါးကို NUG က လစဉ် ထောက်ပံ့ပေးနေသလို လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ငါးသန်းကျော်ဖိုး ကူညီပံ့ပိုးခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒေါက်တာဝင်းမြတ်အေးကို မထက်ထက်အိန္ဒြာအောင် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။