တရုတ်နဲ့ဆက်ဆံရေးမူဝါဒ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မေးမြန်းချက်

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2024.01.02

တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်အောင်လို့ တရုတ်နဲ့နီးကပ်တဲ့ ဆက်ဆံရေးတည်ဆောက်သွားမှာလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုလိုက်ပါတယ်။ ဒီလိုနီးကပ်သွားတာဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ကင်းကွာသွားတာမျိုး မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

မြစ်ဆုံအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ သဘောတူညီချက်တွေဟာ အာဏာမသိမ်းခင်ကအတိုင်း ဆက်ရှိမှာဖြစ်ပြီး၊ အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ချုပ်ဆိုတဲ့ သဘောတူညီချက်တွေကိုတော့ တာဝန်မယူဘူးလို့လည်း ပြောပါတယ်။

ဝန်ကြီး ဒေါ်ဇင်မာအောင်ကို RFA ဝိုင်းတော်သား စောဖိုးခွား သီးသန့်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။