NUG နဲ့ မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့ စစ်ရေးနိုင်ငံရေး ပူးပေါင်းဖို့ သဘောတူညီ
2024.02.22
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က နိုင်ဇေယျ ဦးဆောင်တဲ့အဖွဲ့ဝင်တွေနဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အရေးပေါ်တွေ့ဆုံခဲ့ရာမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ မိမိတို့အစိုးရအဖွဲ့အပါအဝင် တော်လှန်ရေးအဖွဲ့အားလုံး အချိတ်အဆက်မိမိ ပူးပေါင်းမှသာ အာဏာရှင်စနစ်ကို လျင်လျင်မြန်မြန်ဖြိုချပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာဖြစ်တယ် ဆိုတဲ့အချက်ကို အားလုံးသဘောတူခဲ့ကြတယ်လို့ RFA ကို ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီ ကျဆုံးပြိုကွဲနေပြီဆိုတာကို စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ချက်က ပြသနေပြီး နွေဦးတော်လှန်ရေးဟာ အောင်ပွဲခံဖို့အဆင်သင့်အခြေအနေကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဝန်ကြီး ဒေါ်ဇင်မာအောင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။