သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-06-20
မြန်မာနိုင်ငံမှာ အသေးစားနဲ့ အလတ်စား ပုဂ္ဂလိကလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လာမယ့်နှစ်ခွဲကာလအတွင်း ယူရိုငွေ ၁၂ သန်း ခွဲ ထောက်ပံ့ကူညီမယ်လို့ ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Germany Int'l Co operation Agency) က ဒီကနေ့ ကတိပြု ပြောကြားလိုက် ပါတယ်။
2013-06-20
မြန်မာနိုင်ငံက လူငယ်တွေဟာ အတွေးအခေါ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်း အများကြီးရှိပြီး အခွင့်အရေးတွေသာရခဲ့ရင် အလား အလာတွေကို အကောင်အထည်ဖော်နိုင်တယ်လို့ ယုံကြည်တဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2013-06-20
အစိုးရနဲ့ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့ရဲ့ ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ ဒီကနေ့ နောက်ဆုံးနေ့မှာ သဘောတူညီချက် ၈ ချက်ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။
2013-06-20
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင် တို့အဖွဲ့ဟာ မနေ့က ဇွန်လ ၁၉ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2013-06-20
ပြည်သူ့လွှွတ်တော် ကိုယ်စားလှယ်၊ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဘာသာခြားယောင်္ကျားတစ်ဦးအနေနဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုချင်ရင် ဗုဒ္ဓဘာသာဝင် အဖြစ် ပြောင်းလဲရမယ်လို့ အခုရက်ပိုင်းအတွင်း သံဃာတချို့က မိန့်ကြားနေကြတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
2013-06-20
ပဲခူးတိုင်း ဥက္ကံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှုနဲ့ ပတ်သက်ပြီး အစ္စလာမ်ဘာသာဝင် အမျိုးသမီးနှစ်ဦးကို တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်စီ မနေ့က ချမှတ်လိုက်ကြောင်း AP သတင်းက ဖော်ပြပါတယ်။
2013-06-20
မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးတဲ့ တားဆီးကန့်သတ်ချက်တွေအားလုံး ကို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO က မနေ့က ပြန်လည် ရုတ်သိမ်းကြောင်း ဇွန်လ ၁၈ ရက်နေ့စွဲ နဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2013-06-20
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကမ္ဘာ့အလယ်မှာ တချိန်ကအထီးကျန်ဖြစ် ခဲ့ရတဲ့ မြန်မာနိုင်ငံကကျောင်းတွေမှာ လူ့အခွင့်အရေး အကြောင်း ထည့်သွင်းသင်ကြားပေးတော့မယ်လို့ သိရပါတယ်။
2013-06-19
ကမ္ဘာတဝှမ်း လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်နေရာမှာ ဒီနှစ် ၂ဝ၁၃ ခုနှစ် အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး အခြေအနေဟာ စောင့်ကြည့်ရဦးမယ့် အဆင့် (၂) မှာပဲ ရှိနေသေးကြောင်း ဖေါ်ပြထားပါတယ်။
2013-06-19
မလေးရှားနိုင်ငံကနေ နေရပ်ကိုပြန်လိုကြ တဲ့ မြန်မာနိုင်ငံသားတွေရဲ့ အရေးကို မြန်မာသံရုံးအနေနဲ့ ဦးစီးပြီး ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ပေးဖို့ မလေးရှား အခြေစိုက် မြန်မာ့အမျိုးသားရေး လူမှုကွန်ရက် ကော်မတီက သမ္မတ ဦးသိန်းစိန်ထံ ဒီကနေ့ အိပ်ဖွင့်ပေးစာ ပေးပို့တောင်း ဆိုလိုက်ပါတယ်။
2013-06-19
မွန်ပြည်နယ်တွင်းက လူငယ်ထုအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုဟာ စိုးရိမ် စရာ ဖြစ်လာနေတဲ့အတွက် မြန်မာအစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးဖို့ မွန်ဒေသ လူ့အခွင့်အရေး ဖောင်ဒေးရှင်းက တောင်းဆိုလိုက်ပါတယ်။
2013-06-19
ဗိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr. Alan Duncan ဟာ ဇွန်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် ကို ရောက်ရှိလာပြီး စစ်တွေနဲ့ မြေပုံမြို့နယ်တွေက ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို သွားရောက်လေ့လာ ခဲ့ပါတယ်။
2013-06-19
ထိုင်းနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံက ဆင်ဖြူတော် တစ်ကောင်ကို ငှားရမ်းပြီး ချင်းမိုင် တိရစ္ဆာန်ရုံမှာ ပြသခွင့်ပြုဖို့ ကမ်းလှမ်းခဲ့တာကို မြန်မာအစိုးရဘက်က ငြင်းဆန်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2013-06-19
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူ ဖြစ်စေဖို့အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ခဲ့တဲ့ လှုပ်ရှားမှု အတွေ့အကြုံတွေကို မျှဝေ သွားမယ်လို့ တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီကနေ့ ပြောလိုက်ပါတယ်။
2013-06-19
ဇွန်လ ၁၉ ရက်နေ့ ကျရောက်တဲ့ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၈ နှစ်မြောက် မွေးနေ့ပွဲ ကို ရန်ကုန်မြို့၊ ဗဟန်းမြို့မှာရှိတဲ့ NLD ပါတီရုံးချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။