မွန်ပြည်နယ်က မူးယစ်ဆေးဝါး ပြဿနာဖြေရှင်းပေး ဖို့ တောင်းဆို


2013.06.19

မွန်ပြည်နယ်တွင်းက လူငယ်ထုအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုဟာ စိုးရိမ်စရာ ဖြစ်လာနေတဲ့အတွက် မြန်မာအစိုးရ အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးဖို့  မွန်ဒေသ လူ့အခွင့်အရေး ဖောင်ဒေးရှင်းက တောင်းဆိုလိုက်ပါတယ်။

မွန်လူငယ်တွေကြား ရာဘ ခေါ် စိတ်ကြွဆေး သုံးစွဲမှုတွေ အလွန်များပြားလာနေပြီး မူးယစ်ဆေး ရောင်းဝယ်မှုတွေ တိုးပွားနေတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လျစ်လျူရှုနေကြောင်း မူးယစ်ဆေး ရောင်းဝယ်သူ အများစုဟာ အစိုးရတပ်ဖွဲ့တွေ အာဏာပိုင်တွေနဲ့ အပစ်အခတ် ရပ်စဲထားတဲ့အဖွဲ့တွေ ဖြစ်ကြတယ်လို့လည်း အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဆိုပါတယ်။

မွန်ဒေသ လူ့အခွင့်အရေး ဖောင်ဒေးရှင်းအဖွဲ့ဟာ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး၊ မုဒုံ၊ ကြာအင်းဆိပ်ကြီးစတဲ့ မြို့နယ်တွေမှာ ရဲတပ်ဖွဲ့ဝင်တစ်ချို့ အပါအဝင် ဒေသခံ ၁၄ဝ ခန့်ကို တွေ့ဆုံမေးမြန်းပြီး အစီရင်ခံစာ ထုတ်ပြန်ကာ အခုလို တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေနဲ့ ပတ်သက်လို့အဖွဲ့က လိုက်လံစုံစမ်းမေးမြန်းစဉ်ကလဲ လက်နက်ကိုင်အဖွဲ့တချို့ရဲ့ တားမြစ်မှုတွေ ကြုံခဲ့ရတယ်လို့ သိရပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ မွန်ဒေသ လူ့အခွင့်အရေး ဖောင်ဒေးရှင်းက နိုင်အောမွန်ကို ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။