မြန်မာလူငယ်တွေရဲ့ ဖန်တီးနိုင်စွမ်း ဒေါ်အောင်ဆန်း စုကြည် ချီးကျူး


2013.06.20
dassk-award-winner-305.JPG လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် အကျဉ်းစံဘဝ မှတ်တမ်းရုပ်ရှင်ဇာတ်ကားနှင့် ဒေါ်အောင်ဆန်း စုကြည်ဆုရခဲ့တဲ့ ကိုရည်နန်းသိုက်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဇွန်လ ၁၉ ရက်နေ့က ဆုချီးမြှင့်နေစဉ်
photo: RFA/ Kyaw Zaw Win

မြန်မာနိုင်ငံက လူငယ်တွေဟာ အတွေးအခေါ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်း အများကြီးရှိပြီး အခွင့်အရေးတွေသာရခဲ့ရင် အလားအလာတွေကို အကောင်အထည်ဖော်နိုင်တယ်လို့ ယုံကြည်တဲ့ကြောင်း ဒေါ်အောင်ဆန်းစုြကည် က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်မှာ မနေ့ညက ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရဲ့ ဆုပေးပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

"ကျမတို့ဟာ အနုပညာဆိုတာဟာ အနုပညာသမားများအတွက် သက်သက်သာမဟုတ်ဘဲ ကျမတို့ ကမ္ဘာသူကမ္ဘာသားများအတွက် ဖြစ်တယ်ဆိုတာကို အများနားလည်အောင် လုပ်ပေးဖို့ပါပဲ"

ဒီဆုပေးပွဲမှာ လူငယ်တွေဖန်တီးထားတဲ့ လူ့အခွင့်အရေးကို ထင်ဟပ်တဲ့ ဇာတ်လမ်းတို ရုပ်ရှင်ကားတွေအပြင် animation ခေါ် ကွန်ပြူတာရုပ်ရှင် အထူးပြုလုပ်ချက် ဇာတ်ကားတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
အဲဒီမှာ အကျဉ်းစံဘဝ မှတ်တမ်းရုပ်ရှင်ဇာတ်ကားနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆုကို ရခဲ့တဲ့ ကိုရည်နန်းသိုက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆုပေးအပ်ခဲ့ပါတယ်။

အဲဒီဆုပေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဆုအပြင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဆုကိုလည်း အဖြူနဲ့ အစိမ်း ခေါင်းစဉ်နဲ့ ရုပ်ရှင်ဇာတ်လမ်းတို ရိုက်ကူးခဲ့တဲ့ Myanmar Treasure အဖွဲ့က ရရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားတဲ့ ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော် ကျဆုံးခဲ့တဲ့မတ်လ ၁၃ ရက်နေ့ဆုကို စစ်တုရင်ခေါင်းစဉ်နဲ့ အင်နီမေးရှင်း ဇတ်ကားဖန်းတီးခဲ့သူ ကိုစွမ်းဇာနည်ထွန်းက ရရှိခဲ့သလို နိုင်ငံတာက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဇာတ်ကားတွေထဲက Red Wedding ဇာတ်ကားဟာလည်း အသီးသီးဆုရရှိခဲ့ကြပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံမှာ ဇာတ်ကား ၃၇ ကားနဲ့ နိုင်ငံတာကာမှ ပေးပို့တဲ့ဇာတ်ကား ၂၆ ကား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ရန်ကုန်မြို့ Junction Square ဈေးဝယ်စင်တာမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ၃ ရက်ကြာပြသခဲ့တာ ဖြစ်ပါတယ်။ အခုဆုပေးပွဲမှာ ဆုရရှိတဲ့ဇာတ်ကားတွေကိုလည်း မြန်မာနိုင်ငံအနှံ လှည့်လည်ပြသဖို့ ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။