တောင်ကိုရီးယားရဲ့ တိုးတက်ရေး ကြိုးပမ်းမှု အတွေ့အကြုံ မြန်မာကို မျှဝေမည်


2013.06.19
korea-vice-pm-305.jpg သမ္မတ ဦးသိန်းစိန်နဲ့ တောင်ကိုရီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ဇွန်လ ၁၉ ရက်နေ့ က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေဆုံကြစဉ်
photo: President Office Website

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက် အကူဖြစ်စေဖို့အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေး တိုးတက်အောင် လုပ်ဆောင်ခဲ့တဲ့ လှုပ်ရှားမှု အတွေ့အကြုံတွေကို မျှဝေသွားမယ်လို့ တောင်ကိုရီး ယား ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီကနေ့ ပြောလိုက် ပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ပထမအကြိမ် အစည်းအဝေးမှာ တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးနဲ့ မြန်မာဘဏ္ဍာရေး ဝန်ကြီးတို့ သဘောတူညီလိုက်ကြတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ ပတ်ချုံဟီး လက်ထက်၊ ၁၉၇ဝ ပြည့်လွန်နှစ်တွေ အတွင်း တိုင်းပြည်ခေတ်မှီဖွံ့ဖြိုး တိုးတက်ဖို့အတွက် စီမံကိန်းချမှတ် ဆောင်ရွက်ခဲ့တဲ့ ဆေမျူရယ် (Saemaul Movement) ခေါ် ကျေးလက်ဖွံ့ဖြိုးရေးလှုပ်ရှားမှုက သင်ခန်းစာတွေဟာ မြန်မာနိုင်ငံအတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ တောင်ကိုရီးယားတို့ အကြား စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အခြေခံအဆောက်အဦး၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ ဆေးပညာနဲ့ အသံလွှင့် လုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက် သွားဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။

ဒါ့အပြင် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး တံတားတစ်စင်းကို ရန်ကုန်မြစ်အတွင်းမှာ ကူညီတည်ဆောက်ပေးသွားဖို့ ကိုလည်း သဘောတူခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။