မြန်မာဒုက္ခသည်တွေကို ခေါ်ယူမယ့် တောင်ကိုရီးယားစီရင်စုတစ်စုက စီမံချက်ကို ဆန့်ကျင်သူတွေရှိ
RFA Burmese
2025.03.18
2025.03.18
တောင်ကိုရီးယားနိုင်ငံက လူဦးရေ တစ်သောင်းခွဲ လောက်သာရှိတဲ့ Yeongyang စီရင်စုမှာ လူဦးရေများအောင် မြန်မာဒုက္ခသည် ၄၀ လာရောက်နေထိုင်စေဖို့ စီမံချက်ကို ဆန့်ကျင်သူတွေရှိတယ်လို့ The Korean Times က မတ် ၁၈ ရက်မှာ ဖော်ပြပါတယ်။
ဒီစီမံချက်နဲ့ ပတ်သက်ပြီး စီရင်စု တာဝန်ရှိသူတွေ ဗဟိုအစိုးရနဲ့ ဆွေးနွေးကြတယ်လို့ စီရင်စုရုံး အွန်လိုင်းသတင်းလွှာမှာ ကြေညာပြီးနောက် ဒီအစီအစဉ်ကို ပယ်ဖျက်ဖို့ ပြောကြတယ်လို့ ဆိုပါတယ်။
လူဦးရေနည်းပါးတာကို တိုးပွားစေဖို့ ဒုက္ခသည်တွေခေါ်ယူမယ့် မူဝါဒက မှားယွင်းကြောင်း၊ ဒီအစီအစဉ်ဖြစ်မြောက်ရင် လူတွေပိုရွှေ့ပြောင်းဝင်ရောက်လာပြီး အများပြည်သူလုံခြုံရေးနဲ့ ဘာသာရေးပြဿနာတွေ ပေါ်ပေါက်မယ့် အလားအလားရှိကြောင်း စတာတွေ ပြောကြပါတယ်။