လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ကို စောင့်ကြည့်
2013.06.19
ကမ္ဘာတဝှမ်း လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်နေရာမှာ ဒီနှစ် ၂ဝ၁၃ ခုနှစ် အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး အခြေအနေဟာ စောင့်ကြည့်ရဦးမယ့် အဆင့် (၂) မှာပဲ ရှိနေသေးကြောင်း ဖေါ်ပြထားပါတယ်။
ကလေးစစ်သား စုဆောင်းတဲ့နေရာမှာ အစိုးရစစ်တပ်နဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ ပတ်သက်မှု ရှိနေသေးသလို၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ အဓမ္မခိုင်းစေခံရတဲ့နေရာတွေနဲ့ လိင်လုပ်ငန်းတွေဆီကို ရောင်းစားခံနေရသူတွေ ရှိနေဆဲဖြစ်ကြောင်း၊ ကိုယ်တိုင်ကျူးလွန်သူတွေပါဝင် ပတ်သက်သူတွေကို စုံစမ်းအရေးယူ အပြစ်ပေးတာကလည်း ထိထိရောက်ရောက်မရှိသေးကြောင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေဘက်မှာ တိုးတက်မှုတွေ တွေ့ရပေမယ့် အရေးယူတဲ့နေရာ၊ စောင့်ရှောက်မှုပေးတဲ့ နေရာတွေမှာ လုံလောက်တဲ့ ဆောင်ရွက်မှုတွေ မရှိသေးတာကြောင့် မြန်မာနိုင်ငံဟာ စောင့်ကြည့်ရဦးမယ့် အဆင့် (၂) မှာပဲရှိနေသေးကြောင်း ဖော်ပြထားပြီး၊ လူကုန်ကူးမှု ပပျောက်ရေးအတွက် အခုထက်ပိုပြီး အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။