ဆင်ဖြူတော်ငှားဖို့ ထိုင်းရဲ့ ကမ်းလှမ်းချက် မြန်မာ ငြင်းဆန်


2013.06.19
white-elephant-305.jpeg ဆင်ဖြူတော်ပုံ
photo: AFP

ထိုင်းနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံက ဆင်ဖြူတော် တစ်ကောင်ကို ငှားရမ်းပြီး ချင်းမိုင် တိရစ္ဆာန်ရုံ မှာ ပြသခွင့်ပြုဖို့ ကမ်းလှမ်းခဲ့တာကို မြန်မာအစိုးရဘက် က ငြင်းဆန်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။

ထိုင်းနဲ့ မြန်မာ သံတမန် ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ ပြသလိုတဲ့အတွက် ဆင်ဖြူတော်တစ်ကောင် ငှားရမ်းပေး ဖို့ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီး စူရာပေါင်က ပြီးခဲ့တဲ့ သီတင်းပတ်က မေတ္တာရပ်ခံခဲ့တာပါ။

ဆင်ဖြူတော်ကို ရန်ကုန်ကနေ ချင်းမိုင်မြို့အထိ သယ်ယူပို့ဆောင်ရာမှာ အခက်အခဲရှိတဲ့ အကြောင်း ဦးဝဏ္ဏမောင်လွင်က ပြန်ကြားခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆင်ဖြူတော် ၈ ကောင် ပိုင်ဆိုင်ထားပြီး ၅ ကောင်ကို ရန်ကုန်တိရစ္ဆာန်ရုံနဲ့ ၃ ကောင်ကို နေပြည်တော် တိရစ္ဆာန်ရုံမှာ အသီးသီးပြသထားပါတယ်။

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံက ပဒေသရာဇ်ခေတ် ဘုရင်တွေဟာ ဆင်ဖြူတော် ပိုင်ဆိုင်ရတာဟာ တိုင်းပြည်အတွက် မင်္ဂလာရှိတယ်ဆိုတဲ့ အယူအဆကို လက်ခံထားခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။