သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-25
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းချိန်ကစလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်မှုကြောင့် အသက်ဆုံး ရှုံးခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ် ၈၅ ဦးကို ဂုဏ်ပြုကြောင်း ဒီနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက် ရေးနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်လိုက် ပါတယ်။
2021-11-24
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်၊ မြန်မာနဲ့ အိန္ဒိယကြား ဆက်ဆံရေးအခြေအနေ၊ နှစ်နိုင်ငံနယ်စပ်က ဒုက္ခသည် ပြဿနာ၊ အိန္ဒိယရဲ့ လက်နက်ဈေးကွက်ဆိုင်ရာအနေအထားတွေနဲ့ ပတ်သက်ပြီး တင်ပြထားပါတယ်။
2021-11-24
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ပါဝင်တဲ့ PDF-UGF မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်း တစ်ခုကို နိုဝင်ဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တစ်ခုက ဝင်ရောက်သိမ်းပိုက်ခဲ့ရာမှာ ပြောက်ကျားတပ်ဖွဲ့ဝင် တွေက ကြိုတင်သိရှိပြီး မိုင်းထောင် ဆုတ်ခွာသွားတဲ့အတွက် လူသူလက်နက် ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေက စခန်းကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
2021-11-24
လှိုင်သာယာမြို့နယ်အတွင်းက ကျူးကျော်အဆောက်အအုံတွေကို သုံးရက်အတွင်း ဖယ်ရှားပေးဖို့ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေက နေအိမ်တွေအထိ လိုက်လံ သတိပေးနေပါတယ်။
2021-11-24
ရန်ကုန်တိုင်း သန်လျင်မြို့နယ်က စစ်တပ်ပိုင် မြဝတီဘဏ်အတွင်းမှာ နိုဝင်ဘာ ၂၄ ရက် ဒီကနေ့ နေ့ လယ် ၃ နာရီခွဲက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
2021-11-24
ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ်နဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံ လာရင်းမြို့မှာ မြန်မာနိုင်ငံက ကုန်တင်ကား လေးရာလောက် ငါးလနီးပါး ပိတ်မိနေပြီး မြန်မာနိုင်ငံထဲကို အမြန်ဆုံး ပြန်ခွင့်ရဖို့ ကားပိုင်ရှင်တွေက လိုလားနေကြပါတယ်။
2021-11-24
စစ်တပ်ရဲ့ စီးပွားရေးရှယ်ယာ အများစုပါဝင်တဲ့ Myanmar Brewery Limited (MBL) ကို ဖျက်သိမ်းဖို့ နိုဝင်ဘာ ၁၉ ရက်နေ့က တရားရုံးမှာ ဦးတိုက် လျှောက်ထား တယ်လို့ နိုဝင်ဘာ ၂၂ ရက် စစ်ကောင်စီထုတ် သတင်းစာက ကြေညာထားပါတယ်။
2021-11-24
ရန်ကုန်အပါဝင် မြို့နယ်တချို့မှာ အပြင်ထွက်ရင် ကိုဗစ်ကာကွယ်ဖို့ နှာခေါင်းစည်း တပ်တာတွေကို တားဆီးနေပြီး နှာခေါင်းစည်းတပ်ရင် ဒဏ်ငွေရိုက်တာ၊ ရိုက်နှက် အပြစ်ပေးတာတွေ ရှိနေပါတယ်။
2021-11-24
ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၂၃ ရက်နေ့အထိ စစ်အာဏာသိမ်း ကိုးလကျော် ကာလအတွင်း လက်နက်ကိုင်ခုခံမှု ပြင်းထန်တဲ့ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်မှာ စစ်တပ်ရဲ့ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ခရစ်ယာန်ဘုရားကျောင်း ၃၀ နီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ခရစ်ယန်ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။
2021-11-24
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က အသက် ၁၉ နှစ်အရွယ် မောင်ဘုန်းမြင့်အောင် ဟာ နိုဝင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး ၂၄ နာရီ အတွင်း သေဆုံးခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-11-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီလက်ထက် ရင်းနှီးမြှပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့်ခံထားရပါတယ်။
2021-11-24
နိုဝင်ဘာ ၂၂ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ လွိုင်ကော်မြို့ ခရစ္စတူးဘုရင် ဘုရားကျောင်းထဲမှာ ဖွင့်ထားတဲ့ဆေးခန်းက ကျန်းမာရေးဝန်ထမ်း ၁၈ ယောက်တို့ နိုဝင်ဘာ ၂၃ ရက် မနေ့က ပြန်လွတ်လာကြပါတယ်။
2021-11-24
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ၄၁ လမ်း၊ ကုန်စိမ်းဈေးမှာ နိုဝင်ဘာလ ၂၄ ရက် ဒီနေ့မနက်က စစ်ကားတစ်စီး ဗုံးနဲ့အပစ်ခံခဲ့ရပြီး ပေါက်ကွဲကာ စစ်သား နှစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-23
ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ အမှု ၁၁ ခုအတွက် ပြစ်ဒဏ်အားလုံးပေါင်းရင် ထောင်ဒဏ် အနှစ် ၁ဝဝ ကျော်ချမှတ်ခံရနိုင်ပေမယ့် ဖမ်းဆီးခံနေရတဲ့ ခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်တဲ့အတွက် စစ်ကောင်စီအပေါ် ပြည်တွင်းပြည်ပ ဆန့်ကျင်မှုတွေသာ ပိုမိုတိုးပွားလာမှာဖြစ်တယ်လို့ ထင်ရှားတဲ့ရှေ့နေကြီး ၂ ဦးက RFA ကိုပြောပါတယ်။
2021-11-23
ထိုင်းနိုင်ငံမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ ပြီးခဲ့တဲ့တပတ်အတွင်း ၁၅၀၀ ကျော် ရှိခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုနဲ့ လုံခြုံမှု မရှိတာတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားမဝင် သွားရောက် အလုပ်အကိုင် ရှာဖွေကြသူတွေ တနေ့တခြား များလာနေတာပါ။