ကလေးမြို့နယ်ပြောက်ကျားစခန်း ဝင်ရောက်သိမ်းပိုက်မီးရှို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021.11.24

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ပါဝင်တဲ့ PDF-UGF မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်း တစ်ခုကို နိုဝင်ဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီ တပ်ဖွဲ့တစ်ခုက ဝင်ရောက် သိမ်းပိုက်ခဲ့ရာမှာ ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ကြိုတင်သိရှိပြီး မိုင်းထောင် ဆုတ်ခွာသွားတဲ့အတွက် လူသူလက်နက် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေက စခန်းကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းတွင်း ရောက်ရှိနေချိန်မှာ ပြောက်ကျားတွေက အဝေးထိန်းစနစ်နဲ့ မိုင်းခွဲ တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၂ဝ ခန့် သေကြေ ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ကလေး PDF-UGF မြို့ပြပြောက်ကျားအဖွဲ့ တပ်စုမှူး ကိုမူဆယ်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ် မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-11-25 13:25

RFA အဖွဲ့သား ဦးခင်မောင်စိုး က “မိုင်းဘယ်လိုခွဲတာပါလဲ” ဆိုတဲ့ တိုက်ခိုက်မှု လုံချုံရေးနဲ့ဆိုင်တဲ့ မမေးသင့်တဲ့ မေးခွန်းမျိုးကို ဘာလို့မေးရတာလဲ။ ဒီလိုမျိုး တော်လှန်ရေးတပ် တွေရဲ့နည်းစံနစ်ကို စကစ ဘက်ကိုချပြနေသလိုမျိုးမဖြစ်ပါစေနဲ့။
PDF တပ်သားများအနေနဲ့လဲ ကိုယ့်နည်းပညာနဲ့ လုံခြုံရေးကို ထိခိုက်နိုင်တဲ့ မေးခွန်းတွေကို သတင်းဌာနက မေးတိုင်း ဖြေစရာမလိုဘူးဆိုတာ သိစေချင်ပါတယ်။