လှိုင်သာယာ ကျူးကျော်အဆောက်အအုံတွေ ဖယ်ရှားခိုင်းနေ
တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2021.11.24
2021.11.24
လှိုင်သာယာမြို့နယ်အတွင်းက ကျူးကျော်အဆောက်အအုံတွေကို သုံးရက်အတွင်း ဖယ်ရှားပေးဖို့ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေက နေအိမ်တွေအထိ လိုက်လံ သတိပေးနေပါတယ်။
ရပ်ကွက်အတွင်းမှာလည်း နိုဝင်ဘာလ ၂၃ ရက် မနေ့က စပြီး အိမ်ရှေ့မြောင်းကိုကျော်ပြီး ထုတ်ထားတဲ့ အဆောက်အအုံတွေကို ပြည်သူတွေ ဖယ်ရှားနေကြပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။