NLD လက်ထက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း အဂတိမှုနဲ့ တရားစွဲခံရ

2021.11.24
NLD လက်ထက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း အဂတိမှုနဲ့ တရားစွဲခံရ NLD အစိုးရရဲ့ ရင်းနှီးမြှပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို တွေ့ရစဥ်
Photo: YRG

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီလက်ထက် ရင်းနှီးမြှပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့်ခံထား ရပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဦးသောင်းထွန်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ နေပြည်တော် ဘုရားကုန်းမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ နိုဝင်ဘာ ၂၄ ရက် ဒီကနေ့ထုတ် စစ်ကောင်စီသတင်းစာမှာ ကြေငြာထားပါတယ်။

စစ်ကောင်စီကတော့ ဥပဒေပုဒ်မတွေ ချိုးဖောက်ကာ အရေးယူတာတွေလုပ်နေတယ်လို့ NLD ပါတီရဲ့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဘိုဘိုဦးက RFA ကို ပြောပါတယ်။

"နိုင်ငံ့ခေါင်းဆောင်တွေကိုတောင် ပုဒ်မတွေ တပ်ချင်သလို တပ်ဖမ်းနေတာပဲဗျာ၊ စစ်ကောင်စီက သူ့ ပါးစပ်ထဲမှာ ဥပဒေရှိနေတော့ သူစွဲချင်တဲ့သူကို ကြိုက်တဲ့ပုဒ်မတပ် စွပ်စွဲမှာပါပဲ"

NLD အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်စဉ်က အစိုးရဆီကနေ မြေငှားရမ်းရာမှာ ကုမ္ပဏီတွေဆီကနေ ပရီမီယံကြေး ငွေသွင်းမှုတွေကို လျော့ပေါ့သွင်းစေခဲ့လို့ အမေရိကန်ဒေါ် လာ ၈ ဒဿမ ၉ သန်းကျော် နစ်နာဆုံးရှုံးခဲ့လို့ အရေးယူရတာလို့ စစ်ကောင်စီပိုင်သတင်းစာမှာ ဖော် ပြထားပါတယ်။

NLD အစိုးရလက်ထက် သမ္မတ ဦးဝင်းမြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုအဆင့်ဝန်ကြီးတွေနဲ့ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေဟာ စစ်တပ်အာဏာသိမ်းခံရပြီးနောက် စစ်ကောင်စီက ဥပဒေပုဒ်မအသီးသီးတပ်ပြီး အမှုဖွင့်တရားစွဲခံနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။