သန်လျင်မြို့က မြဝတီဘဏ် မိုင်းခွဲခံရ၊ စစ်သားတချို့ ဒဏ်ရာရ

2021.11.24
သန်လျင်မြို့က မြဝတီဘဏ် မိုင်းခွဲခံရ၊ စစ်သားတချို့ ဒဏ်ရာရ သန်လျင်မြို့တစ်နေရာကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်း သန်လျင်မြို့နယ်က စစ်တပ်ပိုင် မြဝတီဘဏ်အတွင်းမှာ နိုဝင်ဘာ ၂၄ ရက် ဒီကနေ့ နေ့ လယ် ၃ နာရီခွဲက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဒေသခံကာကွယ်ရေးတပ် PDF အဖွဲ့က အဲဒီဘဏ်ထဲမှာ မိုင်းထောင်ထားခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဘဏ်ထဲရောက်လာချိန်မှ ပေါက်ကွဲခဲ့တာလို့ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"မိုင်းက မနက်တည်းက ထောင်ခဲ့တာ Error တက်ပြီး မပေါက်ကွဲဘူး၊ ကျနော်တို့လည်း မပေါက်တော့ဘူး ထင်နေတာ၊ နေ့လည်ကျတော့ စစ်ကောင်စီတပ်တွေ ကားရပ်ပြီး ဘဏ်ထဲဝင်သွားတော့မှ ပေါက်တော့ ရေကန်အသင့် ကြာအသင့်လိုပဲ ဖြစ်သွားတယ်"

အဲဒီပေါက်ကွဲမှုကြောင့် ဘဏ်ထဲမှာရှိနေတဲ့သူတွေ ထိခိုက်ဒဏ်ရာ ရှိ၊ မရှိ ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကို RFA က အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။

အဲဒီမြဝတီဘဏ်ဟာ သန်လျင်မြို့မဈေးရဲ့ အနောက်ဘက်မှာရှိပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကမှ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။