သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-01-03
ဇန်နဝါရီလ ၄ ရက်၊ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတချို့ အပါအဝင် နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ ၉၆၀၀ ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။
2024-01-03
အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထောင်ချခံရသူတွေရဲ့ မိသားစုဝင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့ နိုင်ကျဉ်းတွေလွတ်မြောက်ဖို့ မျှော်လင့်နေပါတယ်။
2024-01-03
ဒရုန်းတွေအသုံးပြု တိုက်ခိုက်တာတွေဟာ စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေအထိ ခြိမ်းခြောက်နိုင်လာပါတယ်။
2024-01-03
ပလက်ဝမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ချင်းလက်ဝ စခန်းကုန်းကို ဇန်နဝါရီလ ၃ ရက်နေ့မှာ အပြီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်လိုက်ပါတယ်။
2024-01-03
ကျောက်တော်မြို့အလယ်ကျွန်းရွာမှာ စစ်ကောင်စီက လေကြောင်းကနေပစ်ခတ်တာကြောင့် တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-01-03
စစ်အာဏာသိမ်းပြီး လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာကလေးခြောက်သန်း အစာအာဟာရချို့တဲ့နေတယ်လို့ ၂ဝ၂၃ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ UN OCHA အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2024-01-03
ကလေးမြို့နယ်၊ လက်ပံချောင်းရွာမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ် တစ်ဦးသေဆုံးပြီး ရွာခံ ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။
2024-01-03
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ တိုက်ပွဲပြင်းထန်နေသလို ဇန်နဝါရီ ၃ ရက် မနက် ၁၀ နာရီနောက်ပိုင်းကစပြီး ဖုန်းနဲ့ အင်တာနက်လိုင်း အားလုံးပြတ်တောက်သွားပြီလို့ ပြောပါတယ်။
2024-01-03
ရွှေပြည်သာစက်မှုဇုန် (၃) ထဲက တရုတ် အထည်ချုပ်စက်ရုံ (Honor Apparel) ဟာ အော်ဒါမရတော့တာကြောင့် လုပ်ငန်းအပြီးရပ်နားတော့မှာပါ။
2024-01-03
နာဖော့ စစ်တပ်စခန်းထံ ရိက္ခာလာပို့တဲ့ စစ်ရဟတ်ယာဉ်တစ်စင်းကို KIA က ဇန်နဝါရီ ၃ ရက်မှာ ပစ်ချခဲ့ကြောင်း KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က အတည်ပြုပြောဆိုပါတယ်။
2024-01-03
အင်းစိန်မြို့နယ်က ကျိုရစ်ခ်(မြန်မာ) အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
2024-01-03
ယုဇနဥယျာဉ်အိမ်ရာထဲက မူးယစ်ဆေးဝါး ရောင်းချသူတချို့ကို ဇန်နဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့တယ်လို့ အဲဒီအိမ်ရာမှာ နေထိုင်သူတွေက ပြောပါတယ်။
2024-01-03
ထမင်းနဲ့ ဟင်းတစ်ပွဲကို ကျပ်တစ်ထောင်တည်းနဲ့ ဝယ်စားနိုင်မယ့်ဆိုင်လေးတစ်ဆိုင် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်းမှာ တွေ့ရတာပါ။
2024-01-03
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို ဇန်နဝါရီ ၃ ရက်ကစပြီး စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-01-03
ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့တဲ့ စစ်ကောင်စီတပ်သား ၁၅၁ ဦး မြန်မာနိုင်ငံ ပြန်ပို့ပေးခဲ့ပါတယ်။