သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-01-04
မန္တလေးမြို့၊ ဗဟိုအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လက်ထက် မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျတို့ နှစ်ဦး ဇန်နဝါရီလ ၄ ရက် စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာတယ်လို့ မန္တလေးမြို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။
2024-01-04
ရမည်းသင်း၊ မြင်းခြံ၊ သရက်၊ ဒိုက်ဦး၊ ပေါင်းတည်၊ ဟင်္သာတ၊ မအူပင်နဲ့ မော်လမြိုင် ထောင်တွေက ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဥ်းသား တစ်ဦးတစ်ယောက်မှ မပါလာဘူးလို့ ပြောပါတယ်။
2024-01-04
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သံဘိုရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို TNLA နဲ့ မန္တလေးတိုင်း PDF တပ်ဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးတစ်ဦးကိုလည်း ဖမ်းဆီးရမိတယ်လို့ မန္တလေးတိုင်း PDF တပ်ဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။
2024-01-04
ပေါင်းတည်မြို့နယ်မှာရှိတဲ့ တောင်ခမောက်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းပြီးဒီနေ့ နေလယ်ပိုင်းမှာ ရွာကို မီးရှို့နေပါတယ်။
2024-01-04
ညောင်ရွှေမြို့ တောင်လေးလုံး အကျဥ်းထောင်နဲ့ လားရှိုး အကျဥ်းထောင်ကနေ အကျဥ်းသား ၃၅၀ ကျော် စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ဒီနေ့ လွတ်မြောက်လာတယ်ပါတယ်။
2024-01-04
စစ်တွေမြို့မစျေး ကိုရီးယားဆိပ်ကမ်းဘက်မှာ စျေးရောင်းတဲ့ စျေးသည်နှစ်ဆယ်ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၄ ရက် မနက် ၆ နာရီဝန်းကျင်ခန့်က ဖမ်းဆီးသွားပါတယ်။
2024-01-04
ထီးချိုင့်မြို့နယ်မှာ ဇန်နဝါရီလ ၃ ရက် မနေ့က စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံသုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထီးချိုင့်ဒေသခံတစ်ဦးက ပြောပါတယ်။
2024-01-04
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ကောင်စီက ချိုးဖောက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲက သက်သေတွေနဲ့တကွ အတည်ပြုပြီးတဲ့ ဖြစ်စဉ်ပေါင်း ၁၆၅ ခုကို IIMM နဲ့ နိုင်ငံတကာကို ပေးပို့ထားပါတယ်။
2024-01-04
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီရဲ့လက်ချက်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူအမျိုးသမီး ၃၉၂ ဦး ရှိတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဇန်နဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
2024-01-04
ပြည်အကျဉ်းထောင်ကနေ လွတ်ငြိမ်းသက်သာခွင့်နဲ့ ဇန်နဝါရီလ ၄ ရက်မှာ အကျဉ်းသား တစ်ရာကျော် ပြန်လွတ်မြောက်လာပေမယ့် အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးသာ ပါဝင်ပါတယ်။
2024-01-04
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ တစ်နိုင်ငံလုံးက တက္ကသိုလ် ၄၇ ခုကို ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းတက်တဲ့သူ အတော် နည်းပါးတာ တွေ့ရပါတယ်။
2024-01-04
အိုးစည်၊ ဒိုးပတ်၊ စည်ဒို၊ စခွန့်၊ ပတ်မ၊ ပတ်တွဲ စတဲ့ သားရေတူရိယာတွေကို မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ထန်းတောရွာမှာ အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ်ထုတ်လုပ်နေတာ နှစ်တစ်ရာကျော်ရှိပြီလို့ ဆိုကြပါတယ်။
2024-01-04
ရန်ကုန်တိုင်း အင်းစိန်ထောင်ကနေ လွတ်လပ်ရေးနေ့ ဇန်နဝါရီလ ၄ ရက်မှာ လွတ်မြောက်လာမယ့် အကျဉ်းသား၊ အကျဉ်းသူတွေကို မိသားစုဝင်တွေဟာ စောင့်ဆိုင်းနေကြပါတယ်။
2024-01-03
ဝိုင်းမော်မှာ KIA က ပစ်ချခဲ့တဲ့ ရဟတ်ယာဉ်က ဗိုလ်မှူးတစ်ဦး ဖမ်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဇန်နဝါရီ ၃ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
2024-01-03
ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ထုတ်ပြန်ပါတယ်။