ရဟတ်ယာဉ်ပျက်ကျမှု တစ်ဦးဖမ်းမိ၊ ခြောက်ဦးသေဆုံး

RFA Burmese
2024.01.03
ရဟတ်ယာဉ်ပျက်ကျမှု တစ်ဦးဖမ်းမိ၊ ခြောက်ဦးသေဆုံး ဝိုင်းမော်မြို့နယ် နာဖော့ စစ်ကောင်စီ တပ်စခန်းကို ရိက္ခာလာပို့သည့် ရဟတ်ယာဉ်တစ်စင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့က ပစ်ချခံရပြီး ပျက်ကျခဲ့သည်ကို တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပစ်ချခဲ့တဲ့ ရဟတ်ယာဉ်က ဗိုလ်မှူးတစ်ဦး ဖမ်းမိပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဇန်နဝါရီ ၃ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

KIA ဌာနချုပ် လိုင်ဇာမြို့အနီး “နာဖော့တပ်စခန်း” ကို ရိက္ခာနဲ့ လက်နက်ခဲယမ်းဖြည့်တင်း ပေးတဲ့ ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဉ်ကို ဇန်နဝါရီလ ၃ ရက်နေ့ နေ့လယ်ပိုင်းက KIA က ပစ်ချခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ စစ်တက္ကသိုလ် (DSA) အမှတ်စဉ် ၄၅ ကျောင်းဆင်း ဗိုလ်မှူး ဇော်မျိုးသန့်ကို အသက်ရှင်လျက် ဖမ်းမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေအပြင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေကပါ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပြည်တွင်းပဋိပက္ခတွေဟာ နယ်ချဲ့တွေရဲ့ သွေးခွဲအုပ်ချုပ်မှုကြောင့် ဖြစ်တယ်လို့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ပြောထားပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်မှု အားနည်းတာကနေ ပြည်ထောင်စု ပြိုကွဲတာ၊ အချုပ်အခြာအာဏာ ဆုံးရှုံးတာ ဆိုတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ခံစားနေရပြီလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။