သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-01-05
၂၀၂၃ ခုနှစ်အတွင်း မြန်မာက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး သံသယရှိသူ လေးသောင်းကျော် တရုတ်က လွှဲပြောင်းလက်ခံခဲ့တယ်လို့ တရုတ်အစိုးရပိုင် CCTV ရုပ်သံသတင်းက ဇန်နဝါရီ ၅ မှာ ဖော်ပြပါတယ်။
2024-01-05
နိုင်ငံတစ်ဝန်းက မြို့ပေါင်း နှစ်ဆယ်ကျော်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အခြေစိုက် စခန်းပေါင်း လေးရာဝန်းကျင်ကို စစ်ကောင်စီတပ်က စွန့်လွှတ်ခဲ့ရပါတယ်။
2024-01-05
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က အမှိုက်ပုံတစ်ခုမှာ ဇန်နဝါရီ ၃ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကလေးတစ်ဦးသေဆုံးသလို နောက်ထပ်မိသားစုဝင် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
2024-01-05
အကျဉ်းထောင်က ထွက်လာချိန် သာယာ၀တီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကိုခေါ်ဆောင်သွားပြီးနောက် ဒီနေ့မနက်မှာ အကျဉ်းထောင်ကို ပြန်ပို့ခဲ့တာလို့ သာယာ၀တီမြို့ခံတစ်ဦးက ပြောပါတယ်။
2024-01-05
စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာစဉ် ဖမ်းဆီးခံထားရတဲ့ ခင်ဦးမြို့နယ် မြင်းဒေါင်းရွာက အရပ်သား သုံးဆယ်နီးပါး ဇန်နဝါရီ ၅ ရက်မနက်ပိုင်းအထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2024-01-05
စစ်ကောင်စီက အကျဥ်းသား ကိုးထောင်ကျော်ကို လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်ပေးခဲ့ပေမယ့် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ လွိုင်ကော်အကျဥ်းထောင်က အကျဥ်းသားတွေ တစ်ဦးတစ်ယောက်မှ ပြန်လွတ်လာတာ မရှိဘူးလို့ ပြောပါတယ်။
2024-01-05
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်ရှိ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့ပြီးနောက် လောက်ကိုင်မြို့ကို MNDAA ထိန်းချုပ်လိုက်ပြီလို့ အတည်ပြုပြောပါတယ်။
2024-01-05
တန့်ဆည်မြို့နယ် စိန်းနန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ငါးနှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီးလေးဦး သေဆုံးပြီး နောက်ထပ် အမျိုးသမီး ဆယ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
2024-01-04
ကလေးမြို့ အကျဥ်းထောင်ကနေ ဇန်နဝါရီလ ၄ ရက်နေ့မှာ အကျဥ်းသားတစ်ရာကျော် လွတ်မြောက်လာပေမယ့် နိုင်ငံရေးအကျဥ်းသားမပါဝင်ဘူးလို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2024-01-04
ထိုင်းအလုပ်ရှင်တွေရဲ့ မတရားမှုကိုသာမက ထပ်ဆင့်ခေါင်းပုံဖြတ်နှိပ်စက်တဲ့ မြန်မာအလုပ်သမား ကြီးကြပ်သူတွေ၊ စကားပြန်တွေရဲ့ ဒဏ်ကိုလည်း ခံကြနေကြရပါတယ်။
2024-01-04
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်အာဏာရှင်တွေရဲ့ အသုံးချမခံဘဲ ကိုယ်လျှောက်ရမဲ့လမ်းကို အသိဉာဏ်ရှိရှိနဲ့ သတ္တိရှိရှိ ရွေးချယ်ဖို့လည်း တိုက်တွန်းထားပါတယ်။
2024-01-04
စစ်ကောင်စီတပ်တွေက ရှေးဟောင်းအမွေအနှစ်နေရာတွေမှာ တပ်စွဲတာ၊ ပစ်မှတ်ထားတိုက်ခိုက်တာတွေကို သိက္ခာမဲ့စွာ လုပ်နေတယ်လို့လည်း ပြောထားပါတယ်။
2024-01-04
ကျွဲ၊ နွားကျောင်းရင်း မိုင်းကို တည့်တည့်နင်းမိသူတစ်ဦးက နေရာတင်သေဆုံးခဲ့သလို နောက်တစ်ဦးကလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ နတ်တလင်း ဒေသခံတစ်ဦးက ပြောပါတယ်။
2024-01-04
မြန်မာဘက်က လက်နက်ကြီးကျည်တွေ ယူနန်ပြည်နယ်ထဲ ကျလို့ တရုတ်နိုင်ငံသားငါးဦး ဒဏ်ရာရခဲ့ကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းစာမှာ ဖော်ပြပါတယ်။
2024-01-04
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ဧရာ၀တီတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ဇန်နဝါရီ ၄ ရက်မှာ ပုသိမ်အကျဉ်းထောင် ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။