သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-01-09
ထောင်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် သတ်ဖြတ်ခံရတာရော၊ ဆေးကုခွင့်မရတာတွေကြောင့်ပါ ၂၀၂၃ ခုနှစ်အတွင်း သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ဦးရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ပါတယ်။
2024-01-09
ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ လုံလောက်တဲ့ဆေးကုသခွင့် မရတာကြောင့် ကျန်းမာရေးဆိုးရွားနေတယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက်က ပြောပါတယ်။
2024-01-09
ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်ရဲ့ အကြီးဆုံး ရေတပ်စခန်းဖြစ်တဲ့ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ရွာ အနီးက ဓညဝတီ ရေတပ်စခန်းကို (AA) က ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ပါတယ်။
2024-01-09
ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄) ရဲ့ ပြည်ထောင်စု ဝန်ကြီးရာထူးနဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် စစ်ကောင်စီက ပြောင်းလဲခန့်ထားလိုက်သလို နောက်ထပ် ဝန်ကြီးနှစ်ဦးကိုပါ ပြောင်းလဲလိုက်ပါတယ်။
2024-01-08
ဂန္ထဝင်အဆိုတော် မာမာအေးဟာ ဇန်နဝါရီလ ၉ ရက် ဒီနေ့ မနက် ၆ နာရီဝန်းကျင်က အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့က နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
2024-01-08
OIA ဟာ ထိုင်းနယ်စပ်ကို တိမ်းရှောင်လာသူတွေကို ရိက္ခာနဲ့ နေစရာပေးတဲ့အပြင် အသက်မွေးဝမ်းကျောင်းပညာတွေပါ သင်ပေးနေတာပါ။
2024-01-08
ချန်ဂီလေဆိပ်မှာ တရားဝင်သတင်းမပို့ဘဲ စင်ကာပူဒေါ်လာငါးသိန်းကျော် သယ်သွားဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသားသုံးဦးကို ဒဏ်ငွေ ချမှတ်လိုက်တာပါ။
2024-01-08
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်က စစ်ကောင်စီစခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းအဖွဲ့တွေ ဇန်နဝါရီ ၆ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
2024-01-08
တပ်ဖွဲ့ဝင်အင်အား နှစ်ရာဝန်းကျင်ရှိတဲ့ တောင်ရှည်တောင်ဗျူဟာစခန်းက စစ်ကောင်စီတပ်သားအားလုံး လက်နက်ချခဲ့တယ်လို့ AA အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2024-01-08
အိမ်ခြေ ရှစ်ရာကျော်ရှိတဲ့ တိမ်ညို စံပြရွာထဲကို မြောက်ဦးမြို့ အခြေစိုက် ခြေမြန်တပ်ရင်း (၅၄၀) နဲ့ (၃၇၇) တပ်ကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတာကြောင့် ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေကြရပါတယ်။
2024-01-08
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လမ်းကြောင်း အားလုံးကို ပိတ်ဆို့ထားတာကြောင့် ကုန်ဈေးနှုန်း ဆက်လက် မြင့်တက်နေပြီး အခြေခံ လက်လုပ်လက်စား မိသားစုတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရပါတယ်။
2024-01-08
ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ စစ်ကောင်စီရဲ့ ဝင်ငွေခွန်ကောက်မယ့်အပေါ် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြသဖို့နဲ့ သွေးစွန်းအခွန်များ ဖြတ်တောက်ရာမှာ ပူးပေါင်းပါဝင်ကြဖို့ တောင်းဆိုထားပါတယ်။
2024-01-08
စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ စစ်ကိုင်းတိုင်း ကောလင်းနဲ့ ဝန်းသိုမြို့နယ်က အရပ်သား ၁၉ ဦးရဲ့ ရုပ်အလောင်းတွေကို ဝန်းသိုမြို့အနီး ငါးမိုင်အရပ်မှာ ပြန်တွေ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2024-01-08
သန်းခေါင်စာရင်း ကောက်ယူပြီးရင်လည်း ရလဒ်ထုတ်ပြန်ချိန်ဟာ နောက်ထပ် ခြောက်လကနေ တစ်နှစ်လောက်ထိ အချိန်ယူရတာဖြစ်တာကြောင့် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ ၂၀၂၅ အထိ မသေချာသေးဘူးလို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည်သူတွေက ပြောပါတယ်။
2024-01-08
နမ့်ဆန်မြို့နယ် မြို့သစ်ရွာမှာ ဇန်နဝါရီ ၇ ရက်နေ့က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC) ဝန်ထမ်းနှစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့ပါတယ်။