သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-01-14
ကလေးမြို့ မြောက်ပိုင်း၊ ကြိုးကြာကွင်းရွာမှာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် တစ်ဦး သေဆုံးခဲ့ပါတယ်။
2024-01-13
စစ်ကောင်စီတပ်က ကျောက်တော်မြို့နယ်အတွင်း ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2024-01-13
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ရဲ့ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာချက်ကြောင့် တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ သူတို့နယ်မြေဒေသတွေ လွတ်မြောက်ဖို့အတွက်သာ တိုက်ပွဲဝင်မှာလားဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။
2024-01-13
ကော့ကရိတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်ဖို့ ကြိုးစားနေကြပြီး မြို့ကိုထိန်းချုပ်ထားနိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကျားဖြူတပ်ခွဲ (၁) ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောဝင်းဇော်က ပြောပါတယ်။
2024-01-13
ပလက်ဝမြို့နယ်ရှိ ခန်ခတောင်ဗျူဟာနဲ့ မီးဝဗျူဟာကုန်းကို AA က အပြီးသတ်သိမ်းနိုင်ခဲ့တယ်လို့ မြောက်ပိုင်းသုံးဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2024-01-13
သထုံမြို့နယ်မှာ စစ်ကောင်စီကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံလေးရာနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
2024-01-13
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာရှိတဲ့ ဟိုပန်နဲ့ ပန်လုံမြို့ကို ဇန်နဝါရီလ ၄ ရက်နေ့မှာ စစ်ကောင်စီက UWSA “ဝ” တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့တာလို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2024-01-13
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီးနောက် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေ ပိုပြီးတိုးလာတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
2024-01-13
မိုးမိတ်မြို့နယ်၊ အုန်းကြောရွာသစ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့ပါတယ်။
2024-01-13
စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဇန်နဝါရီလ ၁၃ ရက် မနက်ပိုင်းကစလို့ ကျောက်မဲမြို့အနီး တိုက်ပွဲပြင်းထန်နေပါတယ်။
2024-01-13
မြဝတီမြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပူးပေါင်းနှိမ်နင်းဖို့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဇန်နဝါရီ ၁၂ ရက်က ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
2024-01-12
ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။
2024-01-12
မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား အပစ်ရပ်စဲဖို့ သဘောတူညီချက်ဟာ တရုတ်အကျိုးစီးပွားတွေရှိနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွက်သာ ဖြစ်နိုင်ပြီး ရခိုင်ပြည်နယ်က မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေဆဲပဲလို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။
2024-01-12
စစ်ကောင်စီနဲ့မြောက်ပိုင်းသုံးဖွဲ့တို့ အပစ်ရပ်ဖို့သဘောတူခဲ့ပေမဲ့ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ထုတ်ပြန်ပါတယ်။
2024-01-12
ဟွန်ဒီလို့ခေါ်တဲ့ ငွေလွှဲလုပ်ငန်း တရားမဝင် လုပ်ကိုင်နေသူ အယောက်နှစ်ဆယ်ကို တရားစွဲဆိုထားတယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ဇန်နဝါရီ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။