ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်ရပ်လိုက်ပေမဲ့ ရခိုင်မှာတိုက်ပွဲတွေပြင်းထန်နေဆဲ

2024.01.12

တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းကစလို့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား အပစ်ရပ်စဲဖို့ သဘောတူလိုက်ပါတယ်။ ဒီသဘောတူညီချက်ဟာ တရုတ်အကျိုးစီးပွားတွေ ရှိနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွက်သာ ဖြစ်နိုင်ပြီး ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး အစရှိတဲ့ မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေဆဲပဲလို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာအခြေစိုက်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့အပေါ် နယ်မြေနဲ့ စစ်ရေးအရခြိမ်းခြောက် ဖိအားပေးတာတွေပါ ရှိခဲ့တယ်လို့ ယူဆရပြီး တရုတ်ဖိအားကို မလွန်ဆန်နိုင်လို့ မြောက်ပိုင်းအဖွဲ့တွေက အပစ်ရပ်ရေးသဘောတူခဲ့တာလို့ သူကသုံးသပ်ပါတယ်။ ရခိုင်ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဦးဖေသန်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။