ကော့ကရိတ်တိုက်ပွဲအခြေအနေ ဆက်သွယ်မေးမြန်းချက်
2024.01.13
ကရင်ပြည်နယ် ကော့ကရိတ်နဲ့ အာရှလမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး ကော့ကရိတ်ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။
ကော့ကရိတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်ဖို့ ကြိုးစားနေကြပြီး မြို့ကိုထိန်းချုပ်ထားနိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကျားဖြူတပ်ခွဲ (၁) ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောဝင်းဇော်က ပြောပါတယ်။
ကရင်ပြည်နယ်က တိုက်ပွဲတွေအခြေအနေနဲ့ပတ်သက်ပြီး ကျားဖြူတပ်ခွဲ (၁) ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောဝင်းဇော်ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။