သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-12-21
ထိုင်းဝန်ကြီးချုပ် ယင်လတ် က ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေ ကို နိုင်ငံသားအသိအမှတ်ပြုကဒ်ပြား လျှောက် ထားရေးအတွက် နောက်ထပ်သက်တမ်း ၃ လ တိုးပေးဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။
2012-12-21
ကရင်အမျိုးသား အစည်းအရုံး ကေအဲန်ယူရဲ့ (၁၅)ကြိမ်မြောက် ညီလာခံကနေ ဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး စတဲ့ ထိပ်ပိုင်း (၅)နေရာကို လူသစ်တွေနဲ့ သောကြာနေ့က အစားထိုးရွေးချယ်တင်မြောက်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
2012-12-21
၈၈မျိုးဆက်ကျောင်းသားတွေ၊ ABSDF အင်အားစုတွေ၊ လူ့ဘောင်သစ် အင်အားစုတွေ အပါအဝင် ၈၈ အရေးတော်ပုံကာလမှာ ပါဝင်လှုပ်ရှား ခဲ့တဲ့ ၈လေးလုံးအင်အားစုတွေစုစည်းပြီး ၂ဝ၁၃ ခုနစ် ဇွန်လ နောက်ဆုံးထားကာ ညီလာခံတရပ်ကျင်းပ သွားမယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့ ပြောကြား လိုက်ပါတယ်။
2012-12-21
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဦးတည်ခုတ်မောင်းလာတဲ့ မန္တလေး - မြစ်ကြီးနားသွား အမှတ် ၉၃၇ အဆန်ကုန်တင်ရထားဟာ မိုးညှင်းမြို့နယ်၊ နမ္မားဘူတာနဲ့ မြို့သစ်ကလေး ဘူတာအကြား မိုင်တိုင် အမှတ် ၆၄၃ အနီးမှာ ဒီကနေ့ မနက်အစောပိုင်း ၁နာရီ ကျော်လောက်က မီးရထားသံလမ်း မိုင်းပေါက်ကွဲမှုကြောင့် ကုန်တင်ရထားရဲ့ ကုန်တွဲ ၄ တွဲ လမ်းချော် တိမ်းမှောက်ပြီး ရထားစက်ခေါင်းမောင်းသူ အပါအဝင် မီးရထားဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
2012-12-21
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အိန္ဒိယ-အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ သမ္မတဦးသိန်းစိန်ကို မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေ ရပ်စဲပေးဖို့၊ ဖြိုခွင်းခံခဲ့ရတဲ့ သံဃာတော်တွေကို တောင်းပန်ဖို့နဲ့ လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းပစ်ဖို့အတွက် အဲဒီမှာရှိကြတဲ့ မြန်မာနိုင်ငံသားတွေက ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2012-12-21
ဒီဇင်ဘာလ ၂၁ ရက်နေ့မှာကျရောက် တဲ့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် ဒီကေဘီအေ တည်ထောင်ခြင်း ၁၈ နှစ်ပြည့် တပ်မွေးနေ့ကို ဝေါ်လေဒေသ ဆုံဆည်းမြိုင် မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012-12-21
လက်ပန်းတောင်းတောင်ဒေသ ပြည်သူ့ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကော်မတီနဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး အထွေထွေ သပိတ်ကော်မတီနှစ်ရပ်တို့ ပူးပေါင်းပြီး အချက် ၆ ချက်ပါဝင်တဲ့ ပူးတွဲကြေညာချက်တစ်စောင်ကို ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။
2012-12-21
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းအရေး သံဃာတော်တွေ ဆန္ဒပြကြရာမှာ ပါဝင်အားဖြည့်ခဲ့ကြတဲ့ ဗကသကျောင်းသားခေါင်းဆောင်တွေကို အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က ဒီကနေ့ နေ့လည်က ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ Home မီဒီယာခန်းမမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
2012-12-21
ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါ အထူးစီးပွားရေးဇုန်အတွက် ဂျပန်ကုမ္ပဏီတစ်ခုနဲ့ မြန်မာအစိုးရတို့ လက်မှတ်ရေးထိုးပွဲကို ဒဂုံမြို့နယ်ရှိ Park Royal Hotel မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
2012-12-20
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့က ဦးမောင်လှသွယ် ဆိုသူကို မနေ့က ရမ်းဗြဲမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ နှစ် အမိန့်ချပြီး ကျောက်ဖြူ အကျဉ်းထောင်ကို ပို့လိုက်တယ်လို့သိရပါတယ်။
2012-12-20
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambiar ဟာ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေရာရွှေ့ပြောင်းခဲ့ရသူတွေ နဲ့ တွေ့ဆုံခဲ့ပြီး၊ လူ့အသိုင်းအဝိုင်းနှစ်ရပ် ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ပြေလည်အောင် ကိုင်တွယ်ဖြေရှင်းရေးနဲ့ ပတ်သက်လို့ အစိုးရအာဏာပိုင်တွေ နဲ့ ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါတယ်။
2012-12-20
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီးဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့ ဒီကနေ့ ဘန်ကောက်မြို့ကို ရောက်ရှိပြီး လက်ပန်းတောင်းတောင် သပိတ်စခန်းမှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး ဘန်ကောက်မြို့၊ ဘန်ကောက် ဆေးရုံကြီးမှာ ဆေးဝါးကုသခံနေတဲ့ ဆရာတော် ဦးတိက္ခဉာဏကို သွားရောက်ဖူးတွေ့ အားပေးခဲ့ပါတယ်။
2012-12-20
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရဲ့ အချက်အချာကျတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်တဲ့ “ဂျပန်မ” ဆိပ်ကမ်းမှာ အငှားနွားလှည်းတွေအပေါ် ဆိပ်ကမ်းအာဏာပိုင်တွေနဲ့ စည်ပင်ဌာနတို့က အခွန်တွေ အဆမတန် ကောက်ခံနေတဲ့အပေါ် မကျေနပ်လို့ လူပေါင်း ၁၀၀ ကျော်လောက် ဆန္ဒပြခဲ့ကြပါတယ်။
2012-12-20
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ခေါင်းဆောင်တွေဟာ ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က UNA ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2012-12-20
မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို နှစ်ဖက်စလုံး အနေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက် အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြဖို့ အမေရိကန် အစိုးရက ဒီကနေ့ ကြေငြာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။