အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးကြရန် အမေရိကန်အစိုးရ တိုက်တွန်း
2012.12.20

KNG
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ Derek Mitchell နဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ခရီးစဉ်အတွင်း ငြိမ်းချမ်းရေး အကျိုးဆောင်တွေ လူမှုအဖွဲ့အစည်းတွေနဲ့လည်းတွေ့ဆုံအပြီး အခုလို သဘောထား ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်စလုံး တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်းလိုက်သလို တချိန်တည်းမှာလည်း ထွက်ပြေးပုန်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်စခန်းအားလုံးကို အကူအညီပေးနိုင်ဖို့အတွက် လိုအပ်တာတွေ စီစဉ်ပေးဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ ကချင် စစ်ပြေးဒုက္ခသည်တွေ အတွက် အစားအစာ၊ အသုံးအဆောင်နဲ့ ဆေးဝါး အထောက်အကူ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅ သန်းဖိုး ထောက်ပံ့ ကူညီထားပြီးပြီလို့ သိရပါတယ်။