၈၈ အင်အားစုည်ီလာခံ ကျင်းပဖို့ ဆုံးဖြတ်ကြေညာ

၈၈မျိုးဆက်ကျောင်းသားတွေ၊ ABSDF အင်အားစုတွေ၊ လူ့ဘောင်သစ် အင်အားစုတွေ အပါအဝင် ၈၈ အရေးတော်ပုံကာလမှာ ပါဝင်လှုပ်ရှား ခဲ့တဲ့ ၈လေးလုံးအင်အားစုတွေစုစည်းပြီး ၂ဝ၁၃ ခုနစ် ဇွန်လ နောက်ဆုံးထားကာ ညီလာခံတရပ်ကျင်းပ သွားမယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့ ပြောကြား လိုက်ပါတယ်။

2012.12.21
88_conference_305 ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းတွင် ၈၈မျိုးဆက်ကျောင်းသားတွေ၊ ABSDF အင်အားစုတွေနဲ့ လူ့ဘောင်သစ်အင်အားစုတွေ တွေ့ဆုံပွဲတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို တွေ့ရစဉ် ်
Photo: RFA

၈ လေးလုံးအင်အားစုတွေဟာ မနေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ် မှာရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ ရုံးခန်းမှာ တွေ့ဆုံခဲ့ကြပြီးနောက်မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက မီဒီယာသမားတွေကို အဲဒီလို ညီလာခံကျင်းပမယ့်အကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

ဒီညီလာခံကို ၈၈မျိုးဆက်ကျောင်းသားတွေနဲ့ ABSDF အင်အားစုေတွေ ပူပေါင်းပြီး ၂ဝ၁၃ ခုနစ် အတွင်းကျင်းပမယ့် တိုင်းရင်းသားတွေအပါအဝင် ဒီမိုကရေစီအင်အားစုပေါင်းစုံ  ညီလာခံကြီးရဲ့အကြိုအဖြစ် ကျင်းပမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

၈၈ အင်အားစုတွေ ပူးပေါင်းကျင်းပမဲ့ ဒီညီလာခံတွေဟာ အစိုးရက အကောင်ထည်ဖော်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအတွက် အနုတ်လက္ခဏာဆောင်စေမှာ မဟုတ်ဘူးလို့လည်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။