ဦးမြအေး အမှု မတ်လ ၈ ရက်နေ့ အမိန့်ချမည်

2022.02.22
ဦးမြအေး အမှု မတ်လ ၈ ရက်နေ့ အမိန့်ချမည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးကို ၂၀၂၀၊ ဇန်နဝါရီ ၄ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရန်ကုန်၊ အင်းစိန်ထောင်တွင်းတရားရုံးမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ဂ) နဲ့ စွဲချက် တင်ခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး ကို လာမယ့် မတ်လ ၈ ရက်နေ့မှာ အပြီးသတ် အမိန့်ချဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဦးမြအေး အမှုအတွက် ဖေဖော်ဝါရီလ ၂၂ ရက် ဒီနေ့ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက် ပေးခဲ့ကြပြီးနောက် မတ်လ ၈ ရက်နေ့မှာ အပြီးသတ်အမိန့်ချဖို့ တရားရုံးက ချိန်းဆိုခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက RFA ကိုပြောပါတယ်။

"ပြစ်မှုကျူးလွန်ခြင်း မရှိတဲ့အတွက် အပြီးပြတ်လွှတ်ပေးဖို့ အပြီးသတ် လျှောက်လဲချက် တင်တာပေါ့။ အမိန့်ကတော့ လာမယ့် မတ်လ ၈ ရက်နေ့မှ ချမယ်လို့ ရုံးချိန်း ပြန်ချိန်း ထားတယ်"

ဦးမြအေးကတော့ စစ်ကောင်စီက စွပ်စွဲထားတဲ့ ပုဒ်မ - ၅၀၅ (ဂ) နဲ့ပတ်သက်လို့ သူ့မှာ အပြစ်မရှိကြောင်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ရုံးချိန်းမှာ သူကိုယ်တိုင် ထုချေထားပါတယ်။

ဦးမြအေးဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မနက်အစော ပိုင်းကတည်းက မင်္ဂလာတောင်ညွန့်က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

သူရင်ဆိုင်နေရတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅(ဂ) ဟာ အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ် အထိ ချမှတ်နိုင်တဲ့ ပုဒ်မတစ်ခု ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။