မန္တလေး - မြစ်ကြီးနား ကုန်တင်ရထား မိုင်းဗုံးဒဏ်ကြောင့် တိမ်းမှောက်
2012.12.21

Photo: RFA/Kyaw Min
ဒီလို မိုင်းခွဲခံရလို့ မီးရထားသံလမ်း ပျက်ဆီးသွားပေမယ့် မန္တလေး - မြစ်ကြီးနား မီးရထားခရီးစဉ်တွေကို ရပ်ဆိုင်းမှာမဟုတ်ဘဲ ပုံမှန်အတိုင်း ခုတ်မောင်းသွားမှာ ဖြစ်ပြီး သံလမ်းမိုင်းပေါက်ကွဲမှု ဖြစ်ပွားရာ အနီးအနားကနေ ခရီးသည်တွေကို ရထားဟိုဘက်ဒီဘက် ကူးပြောင်းစီစဉ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာရမီးရထားဝန်ထမ်း ၃ ဦးကို အခုအခါ မြစ်ကြီးနားဆေးရုံမှာကုသဖို့ ပို့ဆောင်ထားတယ်လို့ မြစ်ကြီးနားဘူတာရုံပိုင်ကြီးက ဆိုပါတယ်။
အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ တစ်နှစ်ကျော်ကာလအတွင်း မီးရထားသံလမ်းမိုင်းကွဲမှုတွေနဲ့ မကြာခဏဆိုသလို ကြုံတွေ့နေရတယ်လို့ ဒေသခံပြည်သူတွေကဆိုပါတယ်။