ဆေးကုသမှုခံယူနေတဲ့ ဆရာတော်ကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်သွားရောက် အားပေး

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီးဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့ ဒီကနေ့ ဘန်ကောက်မြို့ကို ရောက်ရှိပြီး လက်ပန်းတောင်းတောင် သပိတ်စခန်းမှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး ဘန်ကောက်မြို့၊ ဘန်ကောက် ဆေးရုံကြီးမှာ ဆေးဝါးကုသခံနေတဲ့ ဆရာတော် ဦးတိက္ခဉာဏကို သွားရောက်ဖူးတွေ့ အားပေးခဲ့ပါတယ်။

2012.12.20

သူဟာ (၈၈) မျိုးဆက်ကျောင်းသားတွေကိုယ်စား ဆေးကုသနေတဲ့ ဆရာတော် ဦးတိက္ခဉာဏကို အလှူငွေ ဘတ်တစ်သောင်းလည်း လှူဒါန်းခဲ့ပါတယ်။

ဆရာတော် ဦးတိက္ခဉာဏဟာ ဒီဇင်ဘာ(၁၃)ရက်ညမှာ ဘန်ကောက်ဆေးရုံရောက်ရှိခဲ့ပြီး မီးလောင်ဗုံးဒါဏ်ရာတွေကို ကုသမှုခံယူနေရတာပါ။

ဆရာတော်ဦးတိက္ခဉာဏရဲ့ ဆေးဝါးကုသစားရိတ်ဟာ (၂)ရက်ထဲမှာတင် ဘတ်(၁)သန်း(၃)သောင်းကျော် ကုန်ကျတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

ဆရာတော်နဲ့ အခြားဒဏ်ရာရ သံဃာတော်တွေ ဆေးဝါးဆက်လက် ကုသနိုင်ဖို့အတွက်လည်း ဘန်ကောက်မြို့မှာ ခေတ္တသီတင်းသုံးနေတဲ့ ရွှေညဝါဆရာတော်နဲ့ ဦးတိက္ခဉာဏ မိသားစုဝင်တွေနဲ့လည်း ဆွေးနွေးခဲ့တယ်လို့လည်း ဦးကိုကိုကြီးက ပြောပါတယ်။

ကိုကိုကြီးဟာ မနက်ဖြန် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကိုသွားပြီး မယ်တော်ဆေးခန်း၊ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း စတဲ့ အဖွဲ့အစည်းတွေကို သွားရောက်လေ့လာ မယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။