သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-26
မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ကြို့ချောင်းကျေးရွာအုပ်စု၊ သူရောင်ကန်ရွာ (သူယောင်ကန်) အုပ်ချုပ်ရေးမှူးကို စက်တင်ဘာလ ၂၆ ရက်နေ့ ဒီကနေ့ အဖွဲ့ အစည်း တစ်ခုက ကျည်ဆံတွေနဲ့အတူ စာရေးသားပေးပို့ပြီး သတိပေးခံရတယ်လို့ သိရပါတယ်။
2021-09-26
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ စက်တင်ဘာ ၂၅ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တောင်တွင်းပြည့်သူကာကွယ်ရေးတပ် PDF တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ငါးယောက် သေဆုံးပြီး တောင်တွင်း PDF ဘက်က ၁၅ ယောက် သေဆုံးခဲ့ပါတယ်။
2021-09-26
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ စက်တင်ဘာလ ၂၅ ရက် မနေ့ကတစ်နေကုန် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-26
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အောင်သာ၊ ကျွန်းလယ်နဲ့ မှန်တောရွာတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၂၆ ရက် ဒီကနေ့မနက် အစောပိုင်းလောက်ကစပြီး အိမ်စီးကား ငါးစီး၊ ဆိုင်ကယ် ၁၅ စီးတို့နဲ့ ရွာထဲဝင်ပစ်ခတ်ခဲ့လို့ ရွာသားနှစ်ယောက် သေဆုံးခဲ့ပါတယ်။
2021-09-26
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဒုရဲအုပ် ချယ်ရီထက်နဲ့ ရဲအုပ် ပြည့်ဖြိုးနိုင်တို့ကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ RFA ရဲ့ နေပြည်တော် သတင်းအရင်းမြစ်တွေက အတည်ပြုပြောပါတယ်။
2021-09-26
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက စစ်တပ်နဲ့ မြေယာအငြင်းပွားမှုဖြစ်နေတဲ့ ငွေတောင်ရွာနဲ့ ညောင်ဝန်းရွာက ရွာသားတွေကို တစ်ပတ်အတွင်း ပြောင်းရွှေ့ဖို့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ စစ်တပ်က ခြိမ်းခြောက် ပြောခဲ့တယ်လို့ ညောင်ဝန်းရွာ ဒေသခံတွေက ပြောပါတယ်။
2021-09-26
စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ထဲက ကောလင်း၊ ဝန်းသိုနဲ့ ပင်လည်ဘူးမြို့နယ်တွေမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဒီကနေ့ စက်တင်ဘာ ၂၆ ရက်နေ့ မနက်ကစပြီး ပြတ်တောက်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-09-26
မန္တလေးတိုင်း၊ တောင်သာမြို့နယ်က မြန်မာ့အလင်းသတင်းစာရဲ့ နယ်ခံသတင်းထောက်ဖြစ်သူ ကိုထွန်းလင်း(လင်းလက်ကြယ်-တောင်သာ) ကို စက်တင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးသွားပြီး မိသားစုနဲ့ အဆက်သွယ်မရဖြစ်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
2021-09-25
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ မူးမြစ် နောင်မှူး မြစ်ကူးတံတားပေါ်မှာ ဒေသခံ PDF တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ စစ်တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပြီး နှစ်ရက်အကြာ စက်တင်ဘာလ ၂၅ ရက်နေ့မှာ စစ်ကောင်စီစစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံးပြုပြီး ဝမ်းဘဲအင်းကျေးရွာကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-25
ရန်ကုန်၊ စမ်းချောင်းမြို့နယ် မြေနီကုန်း ခုံးတံတားမှာ ဒီကနေ့မနက် အစောပိုင်း တစ်နာရီခွဲလောက်က သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီး အဲဒီပစ်ခတ်မှုတွေကြောင့် လူထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ အခင်းဖြစ်တဲ့နေရာ အနီးနားမှာနေတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
2021-09-25
မင်းကင်းမြို့နယ် တောင်တွင်း PDF တပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ၂၅ ရက် ဒီကနေ့မနက်က ကလေးဝ - မုံရွာသွားတဲ့ အာရှလမ်းမ ကြီးဘေးက ဂုံညင်းရွာအနီးမှာ မနက် ကိုးနာရီလောက်ကစပြီး တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။
2021-09-25
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ဟူးကွက်ရွာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က တစ်ဘက်၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းတပ်တွေ ဒီနေ့မနက်က တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-25
ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း၊ လက်ရှိ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ် ကော်မတီရဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ကိုစိုးသူရကျော် (ကဗျာဆရာ သာသျှား) အဖမ်းခံရတယ်လို့ ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
2021-09-25
မကွေးတိုင်းထဲက စစ်သား၊ ရဲ နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေ နုတ်ထွက်ကြဖို့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ ရေစကြို ပြည်သူ့ ကာကွယ်ရေး တပ်မတော် (YSO-PDF) တို့က စက်တင်ဘာ ၂၄ ရက် မနေ့က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
2021-09-24
ဒီတစ်ပတ်မှာတော့ စစ်ကောင်စီတပ်တွေက သူတို့ကိုဆန့်ကျင်တဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေအပြင် ပစ္စည်းတွေ၊ ငွေတွေပါ လုယက်ယူဆောင်တာဟာ နိုင်ငံတော်ရာဇဝတ်မှုဖြစ်နေပြီဆိုတဲ့အကြောင်း ဆွေးနွေးကြမှာဖြစ်ပါတယ်။