တောင်သာက မြန်မာ့အလင်းသတင်းထောက် အဖမ်းခံထားရ

2021.09.26
တောင်သာက မြန်မာ့အလင်းသတင်းထောက် အဖမ်းခံထားရ မန္တလေးတိုင်း၊ တောင်သာမြို့နယ်က မြန်မာ့အလင်းသတင်းစာရဲ့ နယ်ခံသတင်းထောက်ဖြစ်သူ ကိုထွန်းလင်း (လင်းလက်ကြယ်-တောင်သာ) ကို တွေ့ရစဉ်
ဓာတ်ပုံ - ကိုထွန်းလင်း - ဖေ့စ်ဘွတ်ပေ့ချ်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က မြန်မာ့အလင်းသတင်းစာရဲ့ နယ်ခံသတင်းထောက်ဖြစ်သူ ကိုထွန်းလင်း (လင်းလက်ကြယ်-တောင်သာ) ကို စက်တင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးသွားပြီး မိသားစုနဲ့ အဆက်သွယ်မရဖြစ်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

တောင်သာမြို့က စစ်ဆေးရေးဂိတ်တွေမှာ လမ်းသွားလမ်းတွေကို စစ်ကောင်စီက ငွေတောင်းနေလို့ တပ်က ဗိုလ်ကြီးနဲ့ သွားဆွေးနွေးပြီးတဲ့နောက်ပိုင်း အဖမ်းခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်သာမြို့ခံတစ်ယောက်က ပြောပါတယ်။

"တောင်သာမှာ စစ်ဆေးရေးဂိတ် ငါးခုရှိတယ်။ ငွေတောင်း တအားကြမ်းတော့ သူက သွားဆွေးနွေးမယ် ဆိုပြီး သွားတာ။ ဆွေးနွေးပြီးပြန်လာတော့ ဆွေးနွေးချက်တွေကို သူ့ရဲ့ကိုယ်ပိုင်ပေ့ချ်မှာ တင်လိုက်တယ်။ အဲဒါတွေလည်း စစ်တပ်က ပြန်ဖျက်ပေးပါဆိုလို့ ဖျက်လိုက်ရတယ်။ အဲဒီက ပြန်လာတဲ့နေ့ ညပိုင်း သူနေတဲ့အိမ် လက်လုပ်ဗုံးနဲ့ ထုခံရတယ်။ နောက်ရက်ကျတော့ သူ့အိမ်ကို စစ်သားတွေလာပြီး ဖမ်းသွားတာ"

အခုလတ်တလောမှာတော့ မိသားစုနဲ့ အဆက်သွယ်မရဖြစ်နေသလို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။

အခုအဖမ်းခံရတဲ့ ကိုထွန်းလင်းရဲ့ ညီတော်စပ်သူဟာ တပ်မတော်ဆေးတပ်က ဗိုလ်မှူးအဆင့်ရှိသူ တစ်ယောက် ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။