ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုစိုးသူရကျော် အဖမ်းခံရ
2021.09.25

ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း၊ လက်ရှိ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ် ကော်မတီရဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ကိုစိုးသူရကျော် (ကဗျာဆရာ သာသျှား) အဖမ်းခံရတယ်လို့ ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန် ထားပါတယ်။
စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက ခရီးသွားနေစဉ် လမ်းခရီးမှာ ဖမ်းဆီးခံရတာ ဖြစ်ကြောင်း သိရပြီး ဘယ်နေရာ ခေါ်သွားတာကို မသိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။
ကိုစိုးသူရကျော်ရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဗကသများအဖွဲ့ချုပ်က သမဂ္ဂကျောင်းသားဦးရေ စုစုပေါင်း ၃၈ ဦးကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့လည်း သိရပါတယ်။