သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-08-25
မနေ့က စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဒေသခံ တောင်သူလယ်သမား အင်အား နှစ်ထောင်ကျော်လောက်ဟာ ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ လက်ပန်းတောင်းတောင် အနီးတဝိုက်မှာ လယ်ယာမြေ မကျူးကျော်ရ ဆိုင်းဘုတ်တွေ စိုက်ထူခဲ့ကြတယ်လို့ သိရပါတယ်။
2012-08-25
မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မိုးထိ မိုးမိဒေသ ရွှေတူးဖော်ရေး လုပ်ငန်းခွင်က အလုပ်သမား ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရုံးခန်းကို ဒီကနေ့ ပထမဆုံးအကြိမ် လာရောက် အကူအညီ တောင်းခံခဲ့ပါတယ်။
2012-08-25
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် မောင်တောမြို့ပေါ်မှာ နေထိုင်တဲ့ လူနည်းစု ရခိုင်တိုင်းရင်းသားတွေရဲ့ နေအိမ်တွေမှာ အိမ်ခြံမြေ ရောင်းချမယ့် ဆိုင်းဘုတ်တွေ အခု ရက်ပိုင်းအတွင်း တစတစ တိုးပွားများပြား လာနေရာမှာ မနေ့ကအထိ နေအိမ် တစ်ရာကျော် ရှိသွားပြီလို့ သိရပါတယ်။
2012-08-25
မြန်မာစွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက ဦးဆောင်ကျင်းပတဲ့ ဒုတိယအကြိမ် အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို ဦးဝိစာရလမ်း တပ်မတော်ခန်းမမှာ ဒီကနေ့ ဒုတိယနေ့အဖြစ် ကျင်းပနေပါတယ်။
2012-08-25
ရေဘေးဒဏ် ဆိုးဆိုးရွားရွားခံနေရတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က ရေဘေးဒုက္ခသည် လယ်သမားတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သွားရောက် ကူညီနေရာမှာ ဒီကနေ့ အဖွဲ့ချုပ်ရဲ့ ကျန်းမာရေးကွန်ယက်က အခမဲ့ ဆေးဝါးကုသပေးခဲ့တယ်လို့ NLD လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။
2012-08-25
မန္တလေးမြို့ မဟာမြတ်မုနိ ဒက္ခိဏာရာမ ဘုရားကြီး အလယ်တိုက်မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ တစ်ရပ်ကို ဒီကနေ့ ကျင်းပခဲ့ကြောင်း သိရပါတယ်။
2012-08-25
ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်ဖို့သမ္မတ ပေးပို့လိုက်တဲ့ ရခိုင်ပြည်နယ်အရေး သဝဏ်လွှာနဲ့ အတူ ပူးတွဲပါရှိတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်းကို ရခိုင် တိုင်းရင်းသား အမတ်တွေ ကန့်ကွက်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သမ္မတရုံးအရာရှိ (၂) ဦးက RNDP အမတ် ၅ ဦးနဲ့ မနေ့ညနေက အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။
2012-08-25
အသင်းအဖွဲ့များရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အနာဂတ် မြန်မာပြည် ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ခုကို ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်က တော်ဝင် နှင်းဆီခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဘာကြောင့် လူ့အဖွ့ဲအစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းဖို့ လိုသလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးခဲ့ပါတယ်။
2012-08-25
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က ကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာကို သွားရောက်ပြီး ဒေသခံ ပြည်သူတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2012-08-25
KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု အဖွဲ့တို့ ကရင်ပြည်နယ် ဖားအံမြို့မှာ သြဂုတ်လ (၂၇) ရက်ကနေ (၂၉) ရက်နေ့ထိ (၃) ရက်ကြာ တွေ့ဆုံ ဆွေးနွေးမယ့် ကိစ္စကို အစိုးရဘက်က အကြောင်းပြချက် တစုံတရာ ပေးခြင်းမရှိဘဲ မနေ့က ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။
2012-08-25
PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်နဲ့ ရှမ်းပြည်နယ် အစိုးရ ကိုယ်စားလှယ်တွေ တောင်ကြီးမြို့မှာ ဒီကနေ့တွေ့ဆုံကာ အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စု ဝန်ကြီးတွေနဲ့ လွှတ်တော်အမတ်တွေ ရှေ့မှောက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
2012-08-24
နိုင်ငံဖြတ်ကျော် ဝင်ရောက်မှုနဲ့ ထောင်ဒဏ် အပြစ်ပေး ခံထားရတဲ့ ထိုင်းလူမျိုး ၉၂ ဦးအထဲက ၈ ဦးကို တရားမဝင် လက်နက် ကိုင်ဆောင်မှုနဲ့ပါ မနေ့က ထောင်ဒဏ် ၇ နှစ်စီ အသီးသီး ချမှတ်လိုက်တယ်လို့ သိရပါတယ်။
2012-08-24
ရန်ကုန်မြို့ ကြည်မြင်တိုင်နဲ့ အလုံမြို့နယ် အတွင်းက ရေဘေးသင့် ပြည်သူ ၅၀၀ ကျော်လောက်ဟာ မနေ့ ညနေ ၄ နာရီကနေ ည ၉ နာရီအထိ Asia World ကုမ္ပဏီရှေ့မှာ စုရုံးပြီး အဲဒီကုမ္ပဏီက ကွန်ကရစ်ထုနဲ့ ပိတ်ဆို့ ကာရံထားတဲ့ ရေမြောင်းအဖုံးတွေကို အမြန် ဖယ်ရှားပေးဖို့ တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
2012-08-24
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည် ဖော်နေတဲ့ နေရာမှာ လယ်ယာမြေ အသိမ်းခံထားရတဲ့ ကျေးရွာပေါင်း ၂၆ ရွာက ဒေသခံလူထု တစ်ထောင်ကျော် ဟာ အလံတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လယ်ယာမြေ သိမ်းပိုက်ပွဲလို့ အမည်ပေးထားတဲ့ ဆန္ဒပြပွဲကို ဒီကနေ့ နေ့လည်ပိုင်းမှာ စတင်လိုက်ကြပါတယ်။
2012-08-24
မူဆလင် ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံသားတွေရဲ့ သည်းခံနိုင်မှု အားနည်းတဲ့ အချက်ကြောင့် အမေရိကန်နိုင်ငံသား တချို့ရဲ့ မြန်မာနိုင်ငံအပေါ် ရှုမြင်ပုံကို တစ်စုံတစ်ရာ ထိခိုက်မှု ရှိနေပေမယ့် မိမိတို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ လျော့ချပေးဖို့ ကိစ္စကိုတော့ ထူးထူးခြားခြား ထိခိုက်မှု မရှိပါဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ Derek Mitchell က ပြောလိုက်ပါတယ်။