လှည်းကူး ရေဘေးဒုက္ခသည်တွေကို NLD သွားရောက်ကူညီ

ရေဘေးဒဏ် ဆိုးဆိုးရွားရွားခံနေရတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က ရေဘေးဒုက္ခသည် လယ်သမားတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သွားရောက် ကူညီနေရာမှာ ဒီကနေ့ အဖွဲ့ချုပ်ရဲ့ ကျန်းမာရေးကွန်ယက်က အခမဲ့ ဆေးဝါးကုသပေးခဲ့တယ်လို့ NLD လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

2012.08.25

လှည်းကူးမြို့နယ်အတွင်း လက်ရှိ ရွာပေါင်း ၃၀ ကျော် အပါအဝင် လယ်ဧက နှစ်သောင်းကျော် ရေနစ်မြှုပ်ခဲ့ပါတယ်။

အာဏာပိုင် အဖွဲ့အစည်းတွေဘက်ကလည်း ရွှေ့ပြောင်း နေရာချထားဖို့ အတွက် ငါးထပ်ကြီးဘုရား၊ ကန်သာယာဘုန်ကြီးကျောင်း၊ စတဲ့နေရာတွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ကျေးရွာတွေက ရေဘေးဒုက္ခသည်တွေရဲ့အခြေအနေဟာ ပိုပြီးဆိုးရွားနေတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ အရာရှိတဦးရဲ့ ပြောဆိုချက်အရ တနိုင်လုံး အတိုင်းအတာအရ ရေဘေးဒုက္ခသည် ရှစ်သောင်းခွဲလောက်ရှိပြီး  လယ်ဧက စုစုပေါင်း ခြောက်သိန်းကျော် နစ်မြှုပ်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဦးဖြိုးမင်းသိန်းကို မအင်ကြင်းနိုင်က မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။