မောင်တောမြို့ တဝိုက်မှာ အခြေအနေတွေ ဆက်လက် တင်းမာနေဆဲဖြစ်ပြီး ရခိုင် တိုင်းရင်းသားတွေဟာ လုံခြုံမှုမရှိတဲ့ အခြေအနေကို စိုးရိမ်ကြောင့်ကြတဲ့အတွက် ရခိုင်ပြည်နယ်ထဲက နီးစပ်ရာ တခြားမြို့ရွာတွေမှာ ပြောင်းရွှေ့အခြေချနေထိုင်ဖို့ အခုလို အိမ်ခြံမြေ ပိုင်ဆိုင်မှုတွေကို ရောင်းချလာကြတာ ဖြစ်တယ်လို့ မောင်တောမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ဒီမှာရှိတဲ့ လူဦးရေ အတိုင်းအတာနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားတွေက အရမ်းအင်အားနည်းတဲ့ အတွက် တနေ့နေ့ တချိန်ချိန်ကျရင် ပြန်ပြီးတော့ အခုဖြစ်သွားတဲ့ အခြေအနေမျိုး ဖြစ်လာမှာကို စိုးရိမ်လာတာပေါ့။ အဲဒီအတွက် ဒီမှာမနေရဲဘဲ ပြောင်းရွေ့တဲ့ သဘောပေါ့"
မြန်မာနိုင်ငံရဲ့ အနောက်ဘက် ခြံစည်းရိုး တံခါးပေါက်တစ်ခု ဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့မှာ တစ်ဘက် နိုင်ငံကနေ ခေတ်အဆက်ဆက် တရားမဝင် အခြေချ နေထိုင်လာခဲ့သူတွေက ၉၇ ရာခိုင်နှုန်းအထိ ရှိနေပြီး ဒေသခံ ရခိုင် တိုင်းရင်းသားတွေကတော့ ၃ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်လို့ မြို့ခံတွေက ပြောပါတယ်။