PNLO နဲ့ ရှမ်းပြည်နယ်အစိုးရ အပစ်အခတ် ရပ်စဲ
2012.08.25

ဒါဟာ PNLO နဲ့ အစိုးရကြားမှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ပထမဆုံးအကြိမ် ပြည်နယ်အဆင့် အနေနဲ့ သဘောတူ လက်မှတ်ရေးထိုးတာလို့ PNLO အတွင်းရေးမှူး ဦးခွန်မြင့်ထွန်းက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ အချက် ၅ ချက်အပေါ်မှာ ပြည်နယ်အဆင့်အနေနဲ့ သဘောတူညီမှုကို လက်မှတ်ရေးထိုးကြပါတယ်။ PNLO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဖြစ်တဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်ပြီးတော့ လက်မှတ်ရေးထိုးပါတယ်။ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးအဖွဲ့ကတော့ ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ ဦးဆောင်ပြီးတော့ လက်မှတ်ရေးထိုးပါတယ်။"
ပြည်နယ်အဆင့် သဘောတူညီမှု လက်မှတ်ထိုးပွဲ ပြီးတဲ့နောက်မှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ နဲ့ ပတ်သက်ပြီး ဆက်လက် ညှိနိုင်းခဲ့ကြတယ်လို့ လည်း ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
ဒီနေ့လက်မှတ်ထိုးပွဲနဲ့ ဆွေးနွေးပွဲတွေကို တောင်ကြီးဟော်တယ်မှာကျင်းပခဲ့တာ ဖြစ်ပါတယ်။
PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဟာ ၁၉၉၁ ခုနှစ်က အစိုးရနဲ့အပစ်အခတ် ရပ်စဲလိုက်တဲ့ PNO ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှာ ပါဝင်ခဲ့သူဖြစ်ပြီး သူဟာ စစ်အစိုးရကို ဆက်လက်တိုက်ပွဲဝင်ဖို့ အဲဒီအချိန်က ရပ်တည်ခဲ့ပါတယ်။
ဦးခွန်မြင့်ထွန်းနဲ့ အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |