သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-26
ဒီမိုကရေစီရေးလှုပ်ရှားသူ လေးယောက်ကို ကွပ်မျက်မှုနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချကြောင်း ဒေသတွင်း၊ ပြည်ပနိုင်ငံအချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းအချို့က ထုတ်ပြန်ခဲ့တဲ့အပေါ် ပြင်းထန်စွာကန့်ကွက်ပယ်ချတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
2022-07-26
မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူလေးဦးကို စစ်ကောင်စီက ကွပ်မျက်ခဲ့တဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေမှုအပေါ် တရုတ်အစိုးရ ဝေဖန်ခံခဲ့ရပြီးနောက် “တရုတ်နိုင်ငံအနေနဲ့ ပြည်တွင်းရေး ဝင်မစွက်ရမူဝါဒ” ကို ကိုင်စွဲထားတယ်လို့ တုံ့ပြန်လိုက်ပါတယ်။
2022-07-26
ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးကြောင်း ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာဟာ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်မှုလုံးဝမရှိတဲ့ အကြမ်းဖက်လူသတ်မှု သက်သက်သာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
2022-07-26
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာသား ၅ ဦးထဲက ၃ ဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ၂ ဦးကို ဆက်ပြီး ဖမ်းထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
2022-07-26
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာအုပ်စု မြောက်ရပ်ကွက်မှာနေထိုင်တဲ့ မိသားစုဝင်သုံး ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၂၆ ရက်နေ့ ဒီမနက်မှာ လာရောက် ဖမ်းဆီးသွားတယ်လို့ ရွာငံမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
2022-07-26
မြန်မာနိုင်ငံက ရှည်လျားခက်ခဲတဲ့ ဒီမိုကရေစီရေးတိုက်ပွဲဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ အမှောင်ဘက် နောက်တချီပြန်လှည့်သွားတယ်လ ို့ အမေရိကန်အထက်လွှတ်တော် ရီပတ်ဘလင် ခေါင်းဆောင် Mitch McConnell က မနေ့က ပြောကြားလိုက်ပါတယ်။
2022-07-26
ဒီမိုကရေစီရေးလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက ကွပ်မျက်တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ အာဆီယံ ဝန်ကြီးအဆင့်အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီ တက်ရောက်မှာကို မလေးရှားနိုင်ငံက ကန့်ကွက်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
2022-07-26
၈၈ ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်မှုဟာ မြန်မာ့ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေကို နှောင့်နှေးသွားစေနိုင်ပြီး စစ်ရေးအရလည်း လက်တုံ့ပြန်မှုတွေ ပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြပါတယ်။ အာဆီယံက ဖော်ဆောင်ဖို့ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမယ့် တွေ့ဆုံနွေးဆွေးရေးလမ်းကြောင်းဟာလည်း မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
2022-07-26
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က ရိုဟင်ဂျာ ၄၆ ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-07-26
ဇူလိုင်လ ဒုတိယပတ်အတွင်း ရုရှားနိုင်ငံကို ဒုတိယအကြိမ်ခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားအစိုးရ နျူကလီးယားကော်ပိုရေးရှင်းကို သွားရောက်လည်ပတ်ပြီး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2022-07-26
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေ ယာယီနေထိုင်တဲ့ ဘုန်းကြီးကျောင်းတွေ ဇူလိုင်လ ၂၅ ရက်မနေ့က လက်နက်ကြီးထိမှန်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ (Mobye Rescue Team) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2022-07-26
စစ်ကောင်စီရဲ့ သေဒဏ်စီရင်ပြီးကြောင်း ထုတ်ပြန်ချက် ဇူလိုင်လ ၂၅ ရက် မနေ့ကထွက်ပေါ်လာပြီး အဲဒီနေ့မှာပဲ ရန်ကုန် အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်နဲ့ ပြည် အကျဉ်းထောင်တို့မှာ ဆူပူမှုတွေ ဖြစ်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-07-26
ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ လေးဦးကို ကွပ်မျက်မှုအပေါ် အာဆီယံအနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချပြီး အလွန်စိတ်ပျက်မိကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ဇူလိုင်လ ၂၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။
2022-07-26
ကိုဗစ်ကပ်ရောဂါကို တားဆီးတဲ့အနေနဲ့ တရုတ်အစိုးရက နယ်စပ်ဂိတ်တွေကို မကြာခဏ ပိတ်လေ့ရှိတာကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသမှာ ငရုတ်ကောင်းစိုက်တဲ့ တောင်သူတွေ အရှုံးပေါ်ပြီး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။
2022-07-26
ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်ပြီလို့ ဇူလိုင်လ ၂၅ ရက် မနေ့က ထုတ်ပြန်ပြီးနောက် မန္တလေးမြို့မှာ လုံခြုံရေးတွေ အရင်ထက် ပိုမို တင်းကျပ်စစ်ဆေးခဲ့ပြီး လူငယ် ၂၀ ဦးထက်မနည်းကိုလည်း ဖမ်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။