သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-07-24
အလုပ်သမားဥပဒေ၊ နည်းဥပဒေတွေအပြင် အလုပ်သမားတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့်တွေအကြောင်းရေးသားမယ့် အလုပ်သမားလက်စွဲစာစောင်ကို ပြည်ထောင်စုလွှတ်တော် က မကြာမီထုတ်ဝေဖို့ရှိတယ်လို့ RFA ကသိရပါတယ်။
2013-07-24
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာသန်း ရဝ ကျော် လိုအပ်နေကြောင်း ပြည်တွင်းအခြေစိုက် လူမှုရေးအဖွဲ့ အစည်း ၇ ခုက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2013-07-24
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကြေး စင်တောင်မှာ တရုတ်ပိုင် မြန်မာယန်စီ ကုမ္ပဏီက မိုင်းခွဲပြီးသတ္တုရှာဖွေရာကနေ လွင့်ထွက်လာတဲ့ ဖုန်မှုန့်တွေကြောင့် ကြေးစင်တောင်အနီး ရွာငါးရွာက စိုက်ခင်းတွေနဲ့ စားကျက်မြေတွေ ပျက်စီးသွားတယ် လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2013-07-24
မြန်မာနိုင်ငံကို ၂ ရက်ကြာ ရောက်ရှိခဲ့တဲ့ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖန်ချန်လောင်းဟာ သမ္မတ ဦးသိန်းစိန် ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ မြန်မာစစ်တပ် အကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
2013-07-24
လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးအရေးယူမှုတွေ မရှိသင့်တော့ကြောင်းနဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတဲ့အခါတိုင်း နိုင်ငံရေးအကျဉ်းသားတွေ ပိုလွှတ်ပေးဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဒီနေ့ကျင်းပတဲ့ဆွေးနွေးပွဲမှာ တောင်းဆိုကြပါတယ်။
2013-07-24
သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန်နဲ့ နိုင်ငံရေးအကျဉ်းသား ၇၃ ဦးကို အကျဉ်းထောင်တွေကနေ လွှတ်ပေးလိုက်တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။
2013-07-23
မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ထင်ရှားတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန် တဲ့ ၄၉ နှစ်မြောက် ဆွမ်းကပ်လှူဒါန်းပွဲကို ဒီကနေ့ မနက်ပိုင်း က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကျွန်းတောကျောင်းတိုက် မှာ ကျင်းပခဲ့ပါတယ်။
2013-07-23
သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ နဲ့ တရားစွဲဆိုခံထားရတဲ့ တောင်ကြီးမြို့ ထင်းရှူးမြိုင်ကျောင်းတိုက် ဆရာတော် ဦးကဝိစာရ ကို တောင်ကြီးမြို့နယ်တရားရုံးက အလုပ်ကြမ်း နဲ့ ထောင်ဒဏ်တစ်နှစ်ခွဲကျခံစေဖို့ ဒီကနေ့ အမိန့်ချမှတ်လိုက် ပါတယ်။
2013-07-23
တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖန်ချန်လောင်းဟာ ဒီကနေ့ နေပြည်တော်မှာ မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။
2013-07-23
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်း ရွှေသဘာဝ ဓာတ်ငွေ့ပိုက် လိုင်းဖြတ်သန်းရာ တစ်လျှောက်က ဒေသခံတွေရဲ့ နစ်နာမှုတွေကို သက်ဆိုင်ရာ အစိုးရအဆင့်ဆင့်ကို တင်ပြတောင်းဆိုဖို့ ကျေးရွာပေါင်း ၂ဝ ကျော်နဲ့ လူမှုအဖွဲ့ အစည်း ၃ ခုက တာဝန်ရှိသူတွေ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်လိုက်ကြပါတယ်။
2013-07-23
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ကေအိုင်အိုအဖွဲ့ဝင် ၁၅ ဦးပါတဲ့ နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံး (Technical Advisory Team) ကို နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်တဲ့ ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့က ဒီကနေ့ မနက် ၉ နာရီမှာ တရားဝင်ဖွင့်လှစ်လိုက် ပါတယ်။
2013-07-23
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ဒီနေ့ နိုင်ငံရေး အကျဉ်းသား ၇ဝ ကျော် လွတ်မြောက်လာပါတယ်။ ဒီနေ့ ပြန်လည် လွတ်မြောက်လာသူတွေထဲမှာ ပုဒ်မ ၁၇ (၁) မတရားသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးထိန်း သိမ်းခံထားရသူတွေ အတော်များများပါဝင်ပါတယ်။
2013-07-22
မြန်မာနိုင်ငံအနေနဲ့ ကိုယ့်ရဲ့သမိုင်းဝင် အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက် သင့်တယ်လို့ ဂျာမဏီနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ မြန် မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းကိုတိုးချဲ့ဖို့ ဂျာမဏီနိုင်ငံက စိတ်ဝင်စားနေပါတယ်။
2013-07-22
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ကျင်းပခဲ့တဲ့ ဆရာတော် ဦးဝီရသူရဲ့ တရားပွဲအနီး လက်လုပ်ဗုံးလို့ ယူဆရတဲ့ ဗုံးပေါက်ကွဲ ခဲ့တဲ့ဖြစ်ရပ်ဟာ အစ္စလာမ်အစွန်းရောက်တွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဦးဝီရသူက မိန့်ဆိုပါတယ်။
2013-07-22
တရုတ်နိုင်ငံ ဗဟိုစစ်ရေးကော်မရှင် ဒုတိယ ဥက္ကဌ ဖန်ချန်လောင်း ( Fan Changlong ) ဟာ တနင်္လာနေ့က မြန်မာနိုင်ငံကို တရားဝင်အလည် အပတ် ရောက်ရှိလာခဲ့ပါတယ်။တရုတ်ဗဟိုစစ်ရေးကော်မရှင် ဒုဥက္ကဌဟာ ကာဇက်စတန်၊ မြန်မာနဲ့ ထိုင်း သုံးနိုင်ငံခရီးစဉ် လှည့်လည်နေတာ ဖြစ်ပါတယ်။