နိုင်ငံရေး အကျဉ်းသားတွေ ပိုလွှတ်ပေးဖို့ တောင်းဆို


2013.07.24
political-prisoner-insein-305.jpg နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားများကို လာကြိုသူများနဲ့အတူ တွေ့ရပုံ
photo: RFA/ Kyaw Zawe Win

လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးအရေးယူမှုတွေ မရှိသင့်တော့ကြောင်းနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါတိုင်း နိုင်ငံရေး အကျဉ်းသားတွေ ပိုလွှတ်ပေးဖို့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ဒီနေ့ကျင်းပတဲ့ဆွေးနွေးပွဲ မှာ တောင်းဆိုကြပါတယ်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ ကျင်းပတဲ့ အစည်းအေးကို တက်ရောက်တဲ့အဖွဲ့ပေါင်းစုံက တောင်းဆိုခဲ့တာပါ။

အစည်းအေးကို တက်ရောက်ခဲ့တဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့င် ကိုေမှူးသွင်က ဒီနေ့အစည်းအေးရဲ့ ရည်ရွယ်ချက်ကို ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသား သတ်မှတ်တဲ့ပုံစံ၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ စာရင်းဇယားအတိအကျပြုစုဖို့ အဲဒီဖြေလျော့ရေးအပိုင်းနဲ့ ပြုပြင်ပြောင်းလဲရေးအပိုင်း နှစ်ပိုင်းမှာ ဘယ်ဟာကိုဦးစားပေးပြီးလုပ်သင့်တယ်၊ ဘယ်ဟာတွေကတော့ အရေးကြီးတယ် တိုင်းပြည်ကအခြေအနေကို သုံးသပ်တဲ့ဟာတွေလုပ်တာပါပဲ”

ဒီနေ့ဆွေးနွေးပွဲကို ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှေ့နေများကွန်ရက်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်အပြင် အမေရိကန်နဲ့ ပြင်သစ်သံရုံးက တာန်ရှိသူတွေလည်း တက်ရောက်တယ်လို့ သိရပါတယ်။

ဒီနေ့ဆွေးနွေးပွဲက အကြံပြုသုံးသပ်ချက်တွေကို နိုင်ငံတော်သမ္မတနဲ့ သက်ဆိုင်ရာအစိုးရဌာနအဆင့်ဆင့်ကို အိတ်ဖွင့်ပေးစာအဖြစ်ပို့ဆောင်သွားမယ်လို့ ပြောပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မရတနာဦး သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။