အလုပ်သမားရပိုင်ခွင့် စာစောင် လွှတ်တော်က ထုတ်ဝေမည်


2013.07.24

အလုပ်သမားဥပဒေ၊ နည်းဥပဒေတွေအပြင် အလုပ်သမားတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့်တွေအကြောင်းရေးသားမယ့် အလုပ်သမားလက်စွဲစာစောင်ကို ပြည်ထောင်စု လွှတ်တော်က မကြာမီထုတ်ဝေဖို့ရှိတယ်လို့ RFA ကသိရပါတယ်။

ဒီစာစောင်ကို မကြာမီအချိန်အတွင်းမှာ အလုပ်သမားတွေရဲ့ လက်ထဲအရောက် ဖြန့်ချိတော့မှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်းဖွဲ့စည်းထားတဲ့ အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး ပူးပေါင်းလေ့လာရေးကော်မရှင် အတွင်းရေးမှူးဖြစ်တဲ့ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

"အလုပ်သမားအခွင့်အရေးဟာ ဘယ်လောက်အထိ သူတို့မှာအခွင့်အရေးရှိတယ်ဆိုတာ မသိတဲ့အတွက် သူတို့သိဖို့အတွက်ကို အလုပ်သမားလက်စွဲစာစောင်ကို ပြည်ထောင်စုလွှတ်တော် နာယကက ထုတ်ဝေလိုတဲ့ဆန္ဒရှိတယ်၊ အဲဒီအတွက် ကျနော်တို့ပူပေါင်းကော်မရှင်အနေနဲ့ ဒီစာအုပ်ထုတ်ဝေရေးအဖွဲ့ကို ဖွဲ့ခဲ့တာဖြစ်တယ်၊ မကြာခင် အလုပ်သမားတွေကို ဖြန့်ဝေပေးမှာဖြစ်တယ်”

အလုပ်သမားလက်စွဲစာစောင် ထုတ်ဝေဖို့အတွက် ကုန်ကျစရိတ်ကို လွှတ်တော်ကထုတ်ပေးဖို့အတွက် အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး ပူးပေါင်းလေ့လာရေးကော်မရှင်က ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြထားတယ်လို့ သိရပါတယ်။

ဒီစာစောင်ကို လွှတ်တော်ပုံနှိပ်တိုက်က ရိုက်နှိပ်ပေးဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။