တရုတ်ပိုက်လိုင်းတစ်လျှောက် ဆုံးရှုံးနစ်နာမှုတွေ တင်ပြ ဖို့ ကျောက်ဖြူဒေသခံတွေ ဆုံးဖြတ်


2013.07.23
shwe-gas-305.jpg ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မလကျွန်းမှာရှိတဲ့ ရွှေဂတ်စ် စီမံကိန်း အဆောက်အဦးပုံကို တွေ့ရစဉ်
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း ရွှေသဘာဝ  ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာတစ်လျှောက် က ဒေသခံတွေရဲ့ နစ်နာမှုတွေကို  သက်ဆိုင်ရာ အစိုးရအဆင့်ဆင့်ကို တင်ပြတောင်းဆိုဖို့ ကျေးရွာပေါင်း ၂ဝ ကျော်နဲ့ လူမှုအဖွဲ့အစည်း ၃ ခုက တာဝန်ရှိသူတွေ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်လိုက်ကြပါတယ်။

ကျောက်ဖြူမြို့နယ် ကြက်တိန်ကျေးရွာမှာ မနေ့ကကျင်းပတဲ့ အဲ့ဒီအစည်းအဝေးမှာ  အချက် ၃ ချက် ချမှတ်တောင်းဆို သွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရွှေသဘာဝဓာတ်ငွေ့  စောင့် ကြည့်လေ့လာရေးအဖွဲ့က ဦးထွန်းလွင်က RFA ကို အခုလို ပြောပါတယ်။

"ပိုက်လိုင်းတစ်လျှောက်မှာ ထိခိုက်နစ်နာမှု ရှိတဲ့ဟာတွေကို  ဆောင်ရွက်ပေးဖို့ရယ်၊ နောက် တစ်ချက်က စာသင်ကျောင်း၊ ဆေးပေးခန်း နဲ့  သောက်သုံးရေရရှိမဲ့ကိစ္စတွေမှာ ဆောင်ရွက်ပေးဖို့ရယ်၊ နောက်တစ်ခုက  ရွာရှိတဲ့လမ်းတွေမှာ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးဖို့ရယ်ဆိုပြီး အဲဒီ ၃  ချက်ကိုတောင်းဆိုဖို့ သူတို့ဆုံးဖြတ်ခဲ့ကြတယ်”

သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းတဲ့နေရာတစ်လျှောက် သိမ်းပိုက်ထားတဲ့တစ်ချို့ မြေယာတွေအတွက် လျော်ကြေးငွေ အပြည့်အဝ မရရှိသေးတာတွေ၊ လယ်ယာမြေ ထိခိုက်ပျက်စီးမှုရှိနေတာတွေ၊ ပိုက်လိုင်းကြောင့် ရေအရင်းအမြစ် ဆုံးရှုံးမှုဖြစ်ပေါ်နေတာတွေ၊ လျှပ်စစ်မီးရရှိရေးကိစ္စရပ်တွေစတဲ့ ဒေသခံတွေရဲ့ ထိခိုက်နစ်နာမှုတွေကို ဆွေးနွေးအဖြေရှာခဲ့ကြတာဖြစ်တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

ဒါ့အပြင် ထိခိုက်နစ်နာမှုတွေအတွက် တောင်းဆိုဖို့ဒေသခံ ၁၈ ဦးပါဝင်တဲ့ ကော်မတီတစ်ရပ်ကို အစည်းအဝေးမှာ ဖွဲ့စည်းခဲ့တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။