ကချင်စစ်ဘေးဒုက္ခသည် ပြန်လည် ထူထောင်ရေး ဒေါ်လာ သန်း ၇ဝ ကျော်လိုအပ်


2013.07.24
aid-kachin-shan-refugees-305.jpg ရန်ကုန်မြို့၊ Summit Park View ဟိုတယ်မှာ ဇူလိုင်လ ၂၄ ရက်နေ့ကကျင်းပတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးပွဲကိုတွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာသန်း ရ ကျော် လိုအပ်နေကြောင်း ပြည်တွင်းအခြေစိုက် လူမှုရေးအဖွဲ့အစည်း ၇ ခုက ဒီကနေ့ ပြောဆို လိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးပွဲ မှာ မေတ္တာဖောင်ဒေးရှင်းအဖွဲ့က ဒါရိုက်တာ ဦးစိုင်းဆမ်ခမ်းက ပြောခဲ့တာပါ။

"နယ်စပ်ဒေသမှာ ရွှေ့ပြောင်းနေရတဲ့ ပြည်သူတွေ ကို အဓိကထိရောက်တဲ့အကူအညီတွေကို ဒေသရဲ့ လိုအပ်ချက်နဲ့အညီ ထိထိရောက်ရောက်ပံ့ပိုးနေ တာက ဒီဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေဖြစ်ပါ တယ်၊ အထူးသဖြင့် KIO ထိန်းချုပ်တဲ့နေရာမှာဆိုလို့ရှိရင် ဒီအဖွဲ့အစည်းတွေဟာ အဓိကဦးဆောင်ပြီး လှုပ်ရှားနေကြတာဖြစ်ပါတယ်၊ ဒါပေမယ့် မှတ်ပုံတင်ထားခြင်းမရှိတဲ့အတွက် ဒီအဖွဲ့အစည်းတွေအနေနဲ့ လည်း ပံပိုးငွေရရှိဖို့ အခက်အခဲအများကြီးရှိနေတာကို ကျနော်တွေ့ရတယ်”

စစ်ဘေးဒုက္ခသည်တွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ပြည်တွင်းခြေစိုက် လူမှုအဖွဲ့အစည်းတွေဖြစ်ကြတဲ့ ကချင်နှစ်ချင်းခရစ်ယာန်အသင်း(KBC)၊ မေတ္တာဖောင်ဒေးရှင်း၊ Shalon ဖောင်ဒေးရှင်း၊ ကချင်ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးကော်မတီ (KRDC) စတဲ့ အဖွဲ့အစည်း ၇ ဖွဲ့တို့က ပူးပေါင်းလုပ်ကိုင်ကြမှာဖြစ်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိနေတယ်လို့လည်း လှုမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။