သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-06-27
စစ်ကောင်စီလက်အောက်ခံ ဘဏ်နှစ်ခုကို အမေရိကန်အစိုးရကနေ အရေးယူပြီး တစ်ပတ်အတွင်းမှာပဲ အမေရိကန်တစ်ဒေါ်လာ ကျပ်နှစ်ရာကျော်အထိ မြင့်တက်သွားပါတယ်။
2023-06-27
စစ်ကိုင်းမြို့နယ်က ရွာတချို့ကို စစ်တပ်က စီးနင်းခဲ့ပြီးနောက် PDF အဖွဲ့ဝင် ၁၇ ဦးနဲ့ အရပ်သား သုံးဦး စုစုပေါင်း ၂၀ ဦး အသတ်ခံလိုက်ရပါတယ်။
2023-06-27
အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း သေဆုံးရတဲ့ အရပ်သား ၈၆၀၀ ကျော်ရှိနေပြီလို့ ISP Myanmar က ဇွန် ၁၄ ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
2023-06-27
PGMF ရဲ့ ပိုင်ဆိုင်မှုနဲ့ အကျိုးအမြတ်တွေကို စစ်ကောင်စီကို လွှဲပြောင်းပေးမှသာ မှတ်ပုံတင်အသစ် တင်ခွင့်ပြုမယ်ဆိုတဲ့အတွက် ထွက်ခွာမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
2023-06-27
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လကစပြီး ဘဏ်စနစ်နဲ့ငွေပေးချေရမယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2023-06-27
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကလေးမြို့မှာ အမျိုးသမီးငယ်တွေ အပါအဝင် လူငယ်တွေဟာ တိုက်ကွမ်ဒိုအားကစားကို ပိုပြီးသင်လာကြပါတယ်။
2023-06-27
စစ်ကောင်စီက ရွေးကောက်ပွဲသစ်အတွက် နိုင်ငံတစ်ဝန်း လူဦးရေစာရင်းကို ၉၀ ရာခိုင်နှုန်းနီးပါး ကောက်ယူပြီးကြောင်း ကြေညာထားပါတယ်။
2023-06-26
စစ်ကောင်စီက တရားဝင်အကူအညီ တောင်းခံလာတဲ့အတွက် သမ္မတဂျိုကိုဝီဒိုဒိုရဲ့ ညွှန်ကြားချက်နဲ့ ဒီပစ္စည်းတွေကို ပေးပို့ခဲ့တာလို့ အင်ဒိုနီးရှားရဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ကူညီရေးဌာန အကြီးအကဲက ပြောပါတယ်။
2023-06-26
မြန်မာနိုင်ငံသားတွေနဲ့ စည်ကားနေလေ့ရှိတဲ့ ဘန်ကောက်မြို့က ၂၄ နာရီဖွင့်တဲ့ ဈေးကြီးတစ်ခုအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်တွေ အလုပ်အားရက်မှာ စစ်အာဏာရှင်တော်လှန်ရေးအတွက် အလှူငွေ ကောက်ခံနေကြပါတယ်။
2023-06-26
ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးကွပ်မျက်ခံရတဲ့ ၄၇ နှစ်ပြည့် အောက်မေ့အခမ်းအနားတွေကို ရန်ကုန်အပါအဝင် မြို့နယ်တချို့မှာ ဇွန်လ ၂၆ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။
2023-06-26
ရုရှားက လက်နက်ကိုင် ပုန်ကန်မှုမျိုး မြန်မာနိုင်ငံမှာလည်း ကြုံရနိုင်ပြီး၊ အာဏာသိမ်းစစ်ခေါင်းဆောင်ဘက်ကို သေနတ်ပြောင်းဝ ပြန်လှည့်လာတာမျိုး ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေက ပြောပါတယ်။
2023-06-26
ကျောက်တံခါးမြို့နယ်၊ ငါးဖယ်အင်းနဲ့ သမင်အင်းကုန်းရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူလေးဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။
2023-06-26
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ငါးနှစ်တာ ဖမ်းဆီးရမိခဲ့တဲ့ ကျပ်သိန်းပေါင်း ကိုးထောင်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
2023-06-26
ဖားကန့်မှာ အရင်လို အချိန်အကန့်အသတ်နဲ့ ကျောက်ရှာခွင့် မရှိတော့တာကြောင့် မြေစာပုံတွေမှာပဲ ရှာဖွေနေရလို့ ရေမဆေးသမားတွေ စားဝတ်နေရေး ခက်ခဲနေပါတယ်။
2023-06-26
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့မှာ ဆန်၊ ဆီနဲ့ ကြက်သွန်စတဲ့ အခြေခံစားသောက်ကုန်တွေ ဈေးနှစ်ဆလောက်တက်သွားပါတယ်။