သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-06-23
ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေတဲ့ အမျိုးသားတချို့ကို သက်ဆိုင်ရာက နေရပ်ပြန်ခိုင်းနေပေမဲ့ အမျိုးသမီးနဲ့ ကလေးတွေက ကျန်ရှိနေသေးပြီး အခြေအနေ ပုံမှန်ဖြစ်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပုဂ္ဂလိက ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။
2012-06-23
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေးလမ်း နှင့် ရတနာပုံ တက္ကသိုလ် လမ်းဆုံမှာ ရှိတဲ့ ရသာကောင်း ချိုချဉ်စက်ရုံက အလုပ်သမား (၂၀၀) ကျော်က အခြေခံ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ အတွက် ဒီကနေ့မှာ အလုပ်မဆင်းဘဲ ဆန္ဒပြနေကြပါတယ်။
2012-06-23
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေးလမ်း နှင့် ရတနာပုံ တက္ကသိုလ် လမ်းဆုံမှာ ရှိတဲ့ ရသာကောင်း ချိုချဉ်စက်ရုံက အလုပ်သမား (၂၀၀) ကျော်က အခြေခံ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ အတွက် ဒီကနေ့မှာ အလုပ်မဆင်းဘဲ ဆန္ဒပြနေကြပါတယ်။
2012-06-22
ဗြိတိန်နိုင်ငံ UKIT စီးပွားရေး သံတမန်အုပ်စုရဲ့ ဥက္ကဋ္ဌ Lord Marland နဲ့အဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး လုပ်ငန်းကိစ္စတွေ ဆွေးနွေး ဖို့ မြန်မာနိုင်ငံကို နောက် လအတွင်း သွားရောက်မှာ ဖြစ်ပါတယ်။
2012-06-22
စကော့တလန် နိုင်ငံ Glasgow Caledonian တက္ကသိုလ် ကျောင်းအုပ်၊ ပါမောက္ခ Pamela Gillies ဟာ မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပြီး Glasgow မြို့တော်ကို လာရောက် လည်ပတ်ဖို့ မြို့တော်ဝန်ရဲ့ဖိတ်ကြားစာကို ပေးအပ်ခဲ့ပါတယ်။
2012-06-22
အတိုက်အခံဆိုတာ တစ်နေ့မှာ အစိုးရဖြစ်နိုင်တဲ့ အဖွဲ့အစည်းဆိုတာ လက်ခံဖို့လိုကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက် ပါ တယ်။
2012-06-22
ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ လန်ဒန်မြို့ Royal Festival Hall ခန်းမကြီးမှာ မြန်မာအသိုင်းအဝိုင်း မိသားစုတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။
2012-06-22
ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ မန္တလေးမြို့မှာ SSA မြောက်ပိုင်းနဲ့ အစိုးရဘက် က နှစ်ဘက် တာဝန်ရှိသူတွေ ဒီနေ့တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် အစိုးရဘက်က တောင်းဆိုချက်အရ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ SSA မြောက်ပိုင်း တပ်စခန်းနေရာကို SSA က ဆုတ်ခွာပေးလိုက် တယ်လို့ သိရပါတယ်။
2012-06-22
လယ်ယာမြေ အငြင်းပွားမှု ဖြစ်နေတဲ့ ဒဂုံဆိပ်ကမ်းမြို့ နယ် လေးထောင့်ကန် လယ်သမားတွေ အရေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိးဆက် ကျောင်းသားများ အဖွဲ့က ဒီကနေ့ သွားရောက် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
2012-06-22
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစု ရပ်ကွက်က ဘင်္ဂါလီ မိသားစု တချို့နဲ့ သန်းခေါင်စာရင်းမရှိဘဲ နေထိုင်နေသူတွေကို သက်ဆိုင်ရာက ဒီနေ့ မြို့ပြင်ကို ရွှွှေ့ပြောင်း လိုက်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
2012-06-22
ဇွန်လ (၁၉) ရက်နေ့က ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာ မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် သေဆုံးသွားတဲ့လူ ၁၀ ဦး အနက် (၉) ဦးကို ဒီကနေ့ နေ့လည် (၂) နာရီမှာ ကူတောင်ရွာမှာ သြင်္ဂိုဟ်ခဲ့ကြပါတယ်။
2012-06-22
မကွေးတိုင်း ရေစကြိုမြို့နယ် ငမြာကြီး၊ လေးရာပြည့်ရွာနဲ့ ငါးလန်ရွာက လူတွေဟာ ဧရာဝတီမြစ်ကမ်း ပြိုတဲ့အတွက် ရွာရွှေ့ပြောင်း ကြရပြီး နေရေးထိုင်ရေး သာမက ရေအခက်အခဲနဲ့ပါ ကြုံနေရတယ် လို့ ပြောပါတယ်။
2012-06-21
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ westminster ပါလီမန်အဆောက်အအုံ လွှတ်တော်နှစ်ရပ် ရှေ့မှောက် မှာ မိန့်ခွန်း ပြောဆိုခဲ့ပါတယ်။
2012-06-21
ဗြိတိန်နိုင်ငံကို လေးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဗြိတိန်အိမ်ရှေ့ မင်းသားချားလ်စ်နဲ့ ဇနီးဖြစ်သူ ကမ်မီလာတို့ရဲ့ ဖိတ်ကြားချက်အ ရ တော်ဝင်ဇနီးမောင်နှံရဲ့စံတော်အိမ် Clarence House ကို မနေ့မနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ပါတယ်။
2012-06-21
ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ David Cameron က သမ္မတ ဦးသိန်းစိန်ကို ဗြိတိန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြား လိုက်ကြောင်း၊ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်ကို ဦးသိန်းစိန်က လက်ခံလိုက်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံး ပြောခွင့် ရသူက မနေ့က ပြောဆိုပါတယ်။